Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ အမေရိကန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျက်ကျ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images/File

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် ကြည်းတပ်ရဲ့ Apache ရဟတ်ယာဉ်ဟာ ဇွန်လ ၈ ရက်နေ့က ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ထရမ့်က ရဟတ်ယာဉ်မှူး နှစ်ဦးစလုံး အခြေအနေ ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ ထုတ်ပြန် မသွားခဲ့ပါဘူး။

လေယာဉ်မှူး နှစ်ဦးစလုံး အဆင်ပြေကြောင်း၊ ဘယ်သူမှ ဒဏ်ရာမရကြောင်း၊ နောက်တစ်ရက်လောက်ကျရင်တော့ ဖြစ်စဉ်ကို ထုတ်ပြန်သွားဖွယ်ရှိကြောင်း နယူးယောက်မြို့ကို ဘတ်စကက်ဘော ပြိုင်ပွဲ အားပေးဖို့ ရောက်ရှိနေတဲ့ ထရမ့်က ဆိုပါတယ်။ အီရန်ကလည်း ဟောမုဇ်နားမှာ အမေရိကန် ရဟတ်ယာဉ် ပျက်ကျမှု သတင်းကို အသိအမှတ် ပြုခဲ့ပြီး အသေးစိတ်ကိုတော့ မကြေညာခဲ့ပါဘူး။

ရဟတ်ယာဉ်ဟာ စက်ချွတ်ယွင်းပြီး ပျက်ကျတာလား၊ ပစ်ချခံရတာလား၊ ဒါမှမဟုတ် စစ်ဆင်ရေးဆိုင်ရာ ချွတ်ချော်မှု တစ်ခုခု ကြုံခဲ့တာလား ဆိုတာကိုတော့ မသိရသေးပါဘူး။ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားတဲ့ အီရန်နဲ့ အစ္စရေးတို့ဟာ ဇွန်လ ၇ ရက်နေ့မှာတော့ အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်စခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်အကြာ ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေကို ရပ်လိုက်ပြီး အပစ်ရပ် သဘောတူညီမှုကို ဆက်လက် လေးစား ကျင့်သုံးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျမှုဟာ အဲဒီ အစ္စရေး-အီရန် တကျော့ပြန် တိုက်ခိုက်မှုတွေနဲ့ရော ဆက်နွှယ်သလား ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။

ဟောမုဇ်ရေလက်ကြားနားမှာ အကြောင်းရင်း အတိအကျ မသိရသေးဘဲ အမေရိကန် Apache ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း New York Times သတင်းစာက စတင် ဖော်ပြခဲ့တဲ့နောက် ထရမ့်က သတင်းမှန်ကန်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။