Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းဖို့ အရမ်းနီးကပ်နေပြီလို့ ထရမ့် ထပ်ပြောပြန်

အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှု ရရှိဖို့ အရမ်းနီးကပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နောက်တစ်ကြိမ် ပြောကြားလိုက်ပြန်ပါတယ်။

ဓာတ်ပုံ - AP

အီရန်နဲ့ စစ်ပြေငြိမ်းရေး သဘောတူညီမှု ရရှိဖို့ အရမ်းနီးကပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က နောက်တစ်ကြိမ် ပြောကြားလိုက်ပြန်ပါတယ်။

အီရန်စစ်ပွဲ ကာလတလျှောက် အလားတူ အခိုင်အမာ မှတ်ချက်ပေးတာမျိုးကို ထရမ့်က အရင်ကလည်း အကြိမ်ကြိမ် လုပ်ခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ အပြီးသတ် သဘောတူညီမှု မရခဲ့ပါဘူး။

ဇွန်လ ၁၁ ရက်နေ့မှာတော့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthကနေ ထုတ်ပြန်ခဲ့ရာမှာ အီရန် အစိုးရ ထိပ်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးမှု ရလဒ်တွေက လုပ်ထုံးလုပ်နည်း အရရော၊ အသေးစိတ် အဆင့်မှာပါ သိသိသာသာ တိုးတက်လာကြောင်း ရေးသားထားပါတယ်။

ဒါကြောင့်လည်း သူဟာ ဇွန်လ ၁၁ ရက်နေ့မှာ အီရန်ပိုင်နက်ထဲ ပြုလုပ်မယ့် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်ရပ် သဘောတူညီမှု ရရှိထားပေမယ့် အဲဒီမတိုင်ခင် နှစ်ရက်က အပြန်အလှန် တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ပို့စ်ထဲမှာ ထရမ့်က အီရန်နဲ့ စစ်ပြေငြိမ်းရေး ညှိနှိုင်းမှု နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးမှုတွေ လုပ်မယ့် အချိန်နဲ့ နေရာကို နောက်မှ သီးခြားကြေညာမယ်လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာတော့ ထရမ့်က MoUအတွက် ညှိနှိုင်းမှုတွေက နောက်ဆုံးအဆင့် ရုပ်လုံးပေါ်လာနေပြီး အစောဆုံးအဖြစ် အခုသီတင်းပတ် အကုန်လောက်မှာတင် ဥရောပတိုက်မှာ လက်မှတ်ရေးထိုးဖြစ်ဖွယ် ရှိနေကြောင်း မှတ်ချက်ပေးသွားပါတယ်။

အီရန် အစိုးရဖက်ကတော့ ထရမ့်ရဲ့ နောက်ဆုံးကြေညာချက်နဲ့ ပတ်သက်ပြီး တရားဝင် တုံ့ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အီရန်နဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်းရေး သဘောတူညီမှု ရမလိုဖြစ်လိုက်၊ ပျက်ပြယ်သွားလိုက်၊ ဒုံးကျည်တွေပစ်လိုက်၊ ဗုံးတွေကြဲလိုက်နဲ့ သံသရာ လည်နေခဲ့တာပါ။

အီရန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု အထမြောက်လုနီးပြီဆိုတဲ့ စကားကို ထရမ့်က အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန် သံတမန်ရေး သတင်းရင်းမြစ် တစ်ဦးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နှစ်ဖက် ဆွေးနွေးမှုတွေ သိသိသာသာ တိုးတက်လာတာ မှန်ကန်ကြောင်း အတည်ပြုပေမယ့် အချိန်မရွေး ပျက်ပြယ်သွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေဆဲလို့ သတိပေးသွားပါတယ်။

ထရမ့်က တကယ်လို့ သူမျှော်လင့်ထားတဲ့အတိုင်း ဥရောပ နိုင်ငံ တစ်ခုခုမှာ အခုသီတင်းပတ်ကုန်ကျရင် အီရန်နဲ့ ငြိမ်းချမ်းရေး MoU လက်မှတ် ရေးထိုးဖြစ်မယ်ဆိုရင် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ဦးဆောင်လိမ့်မယ်လို့လည်း ပြောပါတယ်။

အဲဒီ MoUဟာ ငြိမ်းချမ်းရေး စာချုပ်အဆင့်တော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ နှစ်ဖက်ကြားက စစ်ပွဲကို အပြီးတိုင် ရပ်စဲနိုင်ရေးအတွက် ယုံကြည်မှုရှိရှိ ဆက်လက် ဆွေးနွေးနိုင်ဖို့ ခိုင်မာတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

Facebook