Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းတွေ တိုက်ဖျက်ဖို့FBIနဲ့ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဇွန်-၁၂၊၂၀၂၆။People’s Spring

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ထိုင်းအစိုးရဟာ FBI၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ပိုမို ချဲ့ထွင်သွားမယ်လို့ ထပ်လောင်း ကတိပြုခဲ့ပါတယ်။

အနူတင်ဟာ ဇွန်လ ၁၀ ရက်နေ့တုန်းက FBIရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုရဲ့ စီစဉ်သူတွေကို အစိုးရအိမ်တော်မှာ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။အဲဒီအစီအစဉ်ဟာနိုင်ငံတကာ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းတွေကထိုင်းနိုင်ငံမှာယုံယုံကြည်ကြည် အခြေစိုက် လုပ်ငန်းဆောင်ရွက်မှု၊ ထိုင်းနဲ့ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ယူနစ်တွေကြားက နက်ရှိုင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထင်ဟပ်စေခဲ့ကြောင်းအနူတင်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခေတ်သစ်လုံခြုံရေးခြိမ်းခြောက်မှုတွေဟာ ပိုမိုရှုပ်ထွေးလာသလို နိုင်ငံတွေရဲ့နယ်နိမိတ် ပိုင်းခြားမှုတွေကိုလည်းကျော်လွှားလာကြကြောင်း၊ အထူးသဖြင့်ဆိုက်ဘာရာဇဝတ်မှုတွေ၊ နယ်စပ်ဖြတ်ကျော်ဒုစရိုက် လုပ်ငန်းတွေဟာ အဆင့်မြင့် နည်းပညာတွေကို အကြီးအကျယ်မှီခိုအသုံးပြုလာနေကြောင်းလည်း သူက ဆက်ပြောပါတယ်။

ထိုင်းအစိုးရဟာ FBI၊တခြားနိုင်ငံတကာမိတ်ဖက်တွေနဲ့ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမို ကောင်းမွန်အောင် ကြိုးစားနေသလို နည်းပညာစွမ်းဆောင်ရည်ပိုင်းမြှင့်တင်ဖို့၊ တဦးချင်း ကျွမ်းကျင်မှုနဲ့ ထောက်လှမ်းရေး အချက်အလက် ဝေမျှမှု ကွန်ရက်တွေမှာ ပိုမို ထိရောက်အောင် ဆောင်ရွက်ဖို့လည်း ကြိုးစားနေကြောင်းသူကဆိုပါတယ်။

သူကဆင့်ကဲပြောင်းလဲလာတဲ့ခြိမ်းခြောက်မှု ပုံစံတွေကိုကိုင်တွယ်ဖို့အတွက်ထိုင်းနိုင်ငံဟာ လူသားအရင်းအမြစ်မြှင့်တင်ရေး၊ နည်းပညာနဲ့ အသိပညာဝေမျှရေး၊နိုင်ငံတကာမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်နိုင်ရေးတွေမှာအထူးအာရုံစိုက်ထားမယ်လို့လည်းကတိပြုသွားပါတယ်။

အဲဒီလို ပူးပေါင်း ဆောင်ရွက်မှုတွေက ပြည်သူ့လုံခြုံရေး၊ဘေးကင်းမှုနဲ့ဘဝနေထိုင်မှု တိုးတက်ရေး ကဏ္ဍတွေမှာ အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့လည်း အနူတင်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ သင်္ဘောသီးထောင်း စားကြရာကနေ ပြင်းထန် အသည်းရောဂါပိုးတစ်မျိုး (liver fluke) ပျံ့နှံ့ ကူးစက်မှုတွေကို ကျန်းမာရေး အာဏာပိုင်တွေက သတိပေးထားပါတယ်။

သတင်း

မြန်မာနိုင်ငံဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မှာရှိတဲ့ မဟာဝမ် ခရိုင်ခွဲထဲက နယ်စပ်ဂိတ် အားလုံးကို ယာယီ ပိတ်လိုက်ကြောင်းထိုင်းအာဏာပိုင်တွေကပြောပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သာရှိသေးတဲ့ကလေးတစ်ဦးတက်မောင်းလာတဲ့ကားဝင်တိုက်လို့ထိုင်းမှာဘုန်းကြီး ရှစ်ပါးပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။