Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးပစ္စည်းတွေ အခိုးခံရ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အင်္ဂလန် ဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ကိရိယာတွေ ခိုးယူမှု ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် အင်္ဂလန် ဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ကိရိယာတွေ ခိုးယူမှု ခံခဲ့ရကြောင်း သိရပါတယ်။

အမေရိကန်မှာ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့အတွက် ဖလော်ရီဒါကနေ မစ္ဇူရီမှာရှိတဲ့ Swope Soccer Village လေ့ကျင့်ရေး စင်တာဆီ အကူးမှာ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းမှာ ပစ္စည်းတွေ ပျောက်ကုန်တာ ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)ကတော့ သယ်ယူပို့ဆောင်ရေး ယာဉ်ပေါ်ကနေ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ စာရင်းကို အမြန်ဆုံး စစ်ဆေးပြီး အစားထိုးနိုင်ဖို့ အပူတပြင်း စီစဉ်နေကြောင်း ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။

မန်နေဂျာ သောမတ်စ်တူဟဲလ် ဦးဆောင်တဲ့ အင်္ဂလန် အသင်းဟာ ဇွန်လ ၁၃ ရက်နေ့မှာ ကန်းဆက်စ် စီးတီးကို ရောက်လာမှာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ လေ့ကျင့်ခန်း အပြည့်ပြန်ဆင်းဖို့ စီစဉ်ထားတာကြောင့် ပျောက်ဆုံးပစ္စည်းတွေကို အစားထိုး ရှာဖွေဖို့ တာဝန်ရှိသူတွေက အပူတပြင်း ကြိုးစားနေရတာပါ။

ပျောက်ဆုံးသွားတဲ့ထဲမှာ လေ့ကျင့်ရေးသုံး ပစ္စည်းတွေ၊ ဘောလုံးတွေ၊ ဘောလုံးကန် ဖိနပ်တွေ ပါဝင်တယ်လို့ ယုံကြည်ရပါတယ်။ အခု ဖောက်ထွင်း ခိုးယူမှု ကိစ္စနဲ့ ပတ်သက်လို့ ဖလော်ရီဒါ ရဲတပ်ဖွဲ့ဟာ FAနဲ့ ချိတ်ဆက်ပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

အတည်မပြုနိုင်တဲ့ သတင်းတွေအရ အခိုးခံရလို့ အင်္ဂလန် အသင်းဆီမှာ ဘောလုံးတစ်လုံးပဲ ကျန်တော့ပြီး နာမည်ကြီး ကြယ်ပွင့်တွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဂျုဒ်ဘယ်လင်ဂမ်တို့ရဲ့ ဖိနပ်တွေလည်း ပါသွားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားအကြို၊ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ အဆင်ပြေပြေ လေ့ကျင့်ခန်း ဆင်းနေခဲ့တဲ့ အင်္ဂလန် အသင်းအတွက်တော့ ဒါက ပြိုင်ပွဲနားကပ်မှ စိတ်အနှောင့်အယှက် ကြုံစရာ ကိစ္စ ဖြစ်လာပါတယ်။ အင်္ဂလန်ဟာ အုပ်စု(ဆ)မှာ ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နဲ့အတူ ကျရောက်နေပြီး ဇွန်လ ၁၈ ရက်နေ့မှာ ခရိုအေးရှားနဲ့ စတင် ရင်ဆိုင် ကစားသွားမှာပါ။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ လီဗာပူး အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ကီဗင်ကီးဂန်းဟာ အသက် ၇၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။