Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးအမည်မသိ လက်နက်ထိမှန်လို့ ယီမင်ကမ်းလွန်မှာ အိန္ဒိယ ကုန်တင်သင်္ဘော နစ်မြုပ်

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

MSV Faize Noore Oliyaဟာ အိန္ဒိယ နိုင်ငံသား ၁၃ ဦး အပါအဝင် အမှုထမ်း ၁၄ ဦး စီးနင်းလိုက်ပါလာတဲ့ အသေးစား ကုန်တင်ရေယာဉ် တစ်စီးပါ။ ဩဂုတ်လ ၄ ရက်နေ့မှာတော့ သင်္ဘောဟာ အမျိုးအမည် အတိအကျ မသိရတဲ့ လက်နက်တစ်ခု ထိမှန်ပြီး တိမ်းစောင်း နစ်မြုပ်ခဲ့တာပါ။ သင်္ဘောသား ၁၄ ဦးစလုံးကိုတော့ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကတော့ ယီမင်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပြီး အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ လှေတစ်စီးကို အသုံးပြုပြီး အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

သင်္ဘောဆီကနေ အရေးပေါ် အကူအညီ တောင်းခံမှုကြောင့် ယီမင် ကမ်းခြေစောင့်တပ်က သွားရောက် ကယ်ဆယ်ခဲ့ရတာလို့ ဆိုပါတယ်။ အိန္ဒိယ ရေကြောင်းပို့ဆောင်ရေး ဝန်ကြီး ဆာဘာနန်ဒါ ဆိုနိုဝဲလ်ကတော့ အကြောင်းမဲ့ ရန်လိုတိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ပြီး အရပ်ဖက် ရေယာဉ်တွေရဲ့ လုံခြုံရေးကို ဖြည့်တင်းမယ့် အစီအမံသစ်တွေ ရေးဆွဲသွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြား အပိတ်ခံထားရတဲ့ အခြေအနေမှာ ပင်လယ်နီ ရေလမ်းကြောင်းကို ပြောင်းလဲ အသုံးပြုမှုတွေ ရှိလာချိန်မှာပဲ အဲဒီရေပြင်မှာပါ တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားလာခဲ့တာပါ။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရှေ့အလယ်ပိုင်း ဒေသရဲ့ ပုဂ္ဂလိက ရေလမ်းကြောင်းတွေ လုံခြုံမှု ကင်းမဲ့လာတာဟာ အထူးစိုးရိမ်ရမယ့် စိန်ခေါ်မှု တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယားကနေ ရေနံသယ်ယူသွားတဲ့ သင်္ဘောတချို့ဟာ ဟောမုဇ်အစား ပင်လယ်နီ ရေလမ်းကြောင်းကို ပြောင်းလဲ အသုံးပြုနေပေမယ့် အဲဒီရေပြင်မှာလည်း အီရန်ရဲ့ မဟာမိတ် ဟိုသီတွေက တိုက်ခိုက်မှုတွေကို ပိုမို လုပ်ဆောင်လာပါတယ်။ ဇူလိုင် ၂၀ မှာတော့ ဆော်ဒီဆိပ်ကမ်းတွေကနေ ထွက်ခွာလာတဲ့ သင်္ဘောတွေကို ပင်လယ်နီ ရေပြင်မှာ ကြားဖြတ် ပိတ်ဆို့ထားမယ်လို့ ဟိုသီတွေ့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေး ကိစ္စကို ဆွေးနွေးနေပြီး ရက်ပိုင်းအတွင်း သဘောတူညီမှု တစ်ခုခု ရရှိဖို့ မျှော်လင့်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ဩဂုတ် ၄ ရက်နေ့မှာ မှတ်ချက်ပေးထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ တောင်ကိုရီးယား ရေယာဉ်တစ်စီးပေါ်မှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် ရန်လိုမှု မရှိတဲ့ နိုင်ငံတွေရဲ့ သင်္ဘောတွေကို ဟောမုဇ် ရေလက်ကြားကနေ ဘေးကင်းကင်း ဖြတ်သန်းခွင့် ပေးမယ့် သဘောမျိုး အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ပြေလျော့စေဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ ရုရှားရေနံကို ဝယ်ယူနိုင်ဖို့ အမေရိကန်က အကန့်အသတ်နဲ့ ခွင့်ပြုလိုက်ပါတယ်။