Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေအပေါ် အမေရိကန် ပိတ်ဆို့မှုအတွက် တန်ပြန်အစီအစဉ်တွေ တရုတ်ကြေညာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

ဒါဟာ မကြာခင် သီတင်းပတ်တွေအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်တို့ လူချင်းတွေ့ဆုံကြမယ့် မတိုင်ခင်မှာ ကမ္ဘာ့စီးပွားရေး အတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးဆိုင်ရာ အားပြိုင်မှုတွေ တကျော့ပြန် မြင့်တက်လာတဲ့ အရိပ်အယောင်လည်း ဖြစ်ပါတယ်။ ရှီဟာ နောက်လထဲမှာ ဝါရှင်တန်ဒီစီကို သွားရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဩဂုတ် ၅ ရက်နေ့မှာ တရုတ် စီးပွားရေး ဝန်ကြီးဌာနက ဇီဝနည်းပညာ လုပ်ငန်းတစ်ခုနဲ့ အရင်းအမြစ် ဆန်းစစ်မှု လုပ်ငန်းတစ်ခု အပါအဝင် အမေရိကန် ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒါတင် မကဘဲ ဒရုန်းတွေ၊ ဒရုန်းနဲ့ ပတ်သက်တဲ့ အပိုပစ္စည်းတွေနဲ့ ဆက်စပ် နည်းပညာတွေ အမေရိကန်ဆီ တင်ပို့မှုကို တင်းကျပ်သွားမယ်လို့လည်း ဆိုပါတယ်။

တန်ပြန်ရေး အစီအစဉ်လို့ တရုတ်က သုံးနှုန်းတဲ့ ကန့်သတ် ပိတ်ဆို့မှု စာရင်းထဲမှာ အမေရိကန် ကုမ္ပဏီ ၆ ခုကို တရုတ်အစိုးရက ထည့်သွင်းလိုက်ပါတယ်။ ဒါဟာ ဟွေဂါတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား မျိုးနွယ်တွေအပေါ် တရုတ်က လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ် ကုမ္ပဏီ ၄၃ ခုရဲ့ သွင်းကုန်တွေကို အမေရိကန် အစိုးရက ပိတ်ဆို့ခဲ့တာကို တိုက်ရိုက် တုံ့ပြန်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သတ္တမမြောက် အမေရိကန် ကုမ္ပဏီ တစ်ခုလည်း အဲဒီ ကန့်သတ် စာရင်းထဲ ထည့်သွင်းခံရပြီး အကြောင်းရင်းကတော့ ပြီးခဲ့တဲ့လမှာ တရုတ်ကနေ တင်သွင်းတဲ့ လူတူစက်ရုပ်၊ ခြေလေးချောင်း စက်ရုပ်တွေကို အမေရိကန်က အမျိုးသား လုံခြုံရေး အကြောင်းပြ ပိတ်ပင်လိုက်တာကြောင့် ဖြစ်ကြောင်း တရုတ် စီးပွားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အခု ပိတ်ဆို့မှု သတ်မှတ်စာရင်းထဲ ပါဝင်လာတဲ့ ကုမ္ပဏီ ၇ ခုနဲ့ တွဲဖက်ပြီး တရုတ် ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ပူးပေါင်း အလုပ်လုပ်ခွင့် မရှိဘူးလို့ တရုတ် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်က တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်ဆောင်လာတဲ့အခါ အခုလို တုံ့ပြန်တဲ့ အစီအစဉ်တွေ အကောင်အထည် ဖော်တာကလွဲရင် တခြားရွေးစရာလည်း မရှိတော့ဘူးလို့ တရုတ် စီးပွားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

သူက တရုတ် အစိုးရ အနေနဲ့ သက်ဆိုင်ရာ တားမြစ်ပိတ်ဆို့မှုတွေကို အမေရိကန်ဖက်က အမြန်ဆုံး ပြန်ရုပ်သိမ်းဖို့၊ မှားယွင်းတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ တရုတ်-အမေရိကန် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အမေရိကန် အစိုးရဟာ အီရန် ရေနံကို တရားမဝင် သယ်ယူပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ် ရေကြောင်း ပို့ဆောင်ရေး ကုမ္ပဏီ တချို့ကိုလည်း နာမည်ပျက် စာရင်းထဲ ထည့်သွင်းခဲ့ကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”