Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် တရုတ်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဒေါ်လ်ဖင်ဟာ ဩဂုတ် ၉ ရက် မနက်ပိုင်းတုန်းက တရုတ် အရှေ့ဖက် ကမ်းရိုးတန်းကို ကုန်းတွင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရှီကျီအန်း ပြည်နယ်ထဲက ယုဟွမ်ဒေသနားကို မုန်တိုင်း ဖြတ်သန်းချိန်မှာ တစ်နာရီ လေတိုက်နှုန်း ၁၅၀ ကီလိုမီတာ ဝန်းကျင်လောက်ထိ ပြင်းထန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်ခဲ့တာကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံနိုင်တဲ့ နေရာတွေမှာ ရှိနေသူတွေကို ကြိုတင် ရွှေ့ပြောင်းထားခဲ့ရတာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ ယုဟွမ်ကို ဖြတ်ပြီးတဲ့နောက် တရုတ်ကမ်းလွန် ရေပြင်ကို ထပ်မံဖြတ်သန်းပြီး ဝမ်ကျူးမြို့နားကနေ ဒုတိယအကြိမ် ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းချဉ်းကပ်လာချိန် ကတည်းက နိုင်ငံရဲ့ စီးပွားရေး မြို့တော်လို့ သတ်မှတ်ခံရတဲ့ ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံ အရှေ့ပိုင်းက ဒေသ အတော်များများမှာ ကြိုတင် ရွှေ့ပြောင်းမှုတွေ စီစဉ်ထားခဲ့ရပါတယ်။ တိုင်ဖွန်းကြောင့် ဒေသတွင်း ပို့ဆောင်ရေး ကွန်ရက်တွေလည်း ရပ်တန့်ကုန်ပါတယ်။ ရှန်ဟိုင်းမှာတင် လေယာဉ်ခရီးစဉ်ပေါင်း ၁၄၀၀ လောက်ကို ဖျက်သိမ်းခဲ့ရပါတယ်။

တရုတ်မိုးလေဝသ ဌာနက အစောပိုင်းမှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်ထားခဲ့ပေမယ့် ဩဂုတ် ၁၀ ရက် မနက်ပိုင်းမှာတော့ ဒေါ်လ်ဖင်ဟာ အပူပိုင်း မုန်တိုင်းငယ် အဆင့်ထိ အားလျော့သွားပြီး ကုန်းတွင်းပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေတယ်လို့ ကြေညာခဲ့ပါတယ်။

မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် ရှန်ဒေါင်း၊ ဟီနန်၊ ဟူပေ၊ အန်ဟွေ့၊ ကျန်းဆု၊ ရှီကျီအန်းနဲ့ ရှန်ဟိုင်းတို့မှာ ဩဂုတ် ၁၀ ရက်နေ့ တစ်နေ့လုံးနီးပါး မိုးသည်းထန်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုင်ဖွန်း ဒေါ်လ်ဖင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ သေကြေဒဏ်ရာရမှု သတင်းတွေကိုတော့ မကြားရသေးပါဘူး။

အဲဒီမုန်တိုင်း ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ချိန်တုန်းက ဂျပန်နိုင်ငံ တောင်ပိုင်း ဒေသတွေမှာလည်း ရေကြီးမြေပြိုမှု အန္တရာယ်တွေကြောင့် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားပြီး ကျောင်းတွေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပါ ယာယီ ပိတ်ထားရပါတယ်။