Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ ကူးတို့ရေယာဉ် မီးလောင်ပြီး ၅ ဦးသေ၊ ၈၇ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင် နိုင်ငံမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - EPA

ဖိလစ်ပိုင် နိုင်ငံမှာ ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၈၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

ပါလာဝမ် ပြည်နယ်ထဲက ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားတဲ့ နေရာတစ်ခုနားမှာ စက်တင်ဘာ ၉ ရက် ညပိုင်းတုန်း M/V June Aster ရေယာဉ် မီးလောင်ခဲ့တာလို့ ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။ ကမ်းခြေနဲ့ ၂.၂ ကီလိုမီတာလောက်အကွာ ရေပြင်မှာ တစ်စီးလုံးလိုလို မီးလျံတွေ ဝါးမျိုတာ ခံထားရတဲ့ ရေယာဉ်ရဲ့ ဗီဒီယိုကိုလည်း ကမ်းခြေစောင့်တပ်က လူမှုကွန်ရက်မှာ မျှဝေထားခဲ့ပါတယ်။

ရေယာဉ်မီးလောင်မှုကြောင့် သေဆုံးသူ ၅ ဦးရဲ့ အလောင်းကိုတော့ ကမ်းခြေကို သယ်ဆောင်လာခဲ့ပြီး ဖြစ်ကြောင်း၊ ၄၂ ဦးကို ကယ်ဆယ်ခဲ့ပြီး ပျောက်ဆုံးနေသူ ၈၇ ဦးကို လိုက်ရှာနေကြောင်း ကမ်းခြေစောင့်တပ်က ဆိုပါတယ်။ ရေယာဉ်မှာ လိုက်ပါသွားသူတွေ စာရင်းအရ ခရီးသည်နဲ့ အမှုထမ်း ၁၃၄ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေ ရှိလာနိုင်ကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အပူတပြင်း ဆက်လက် ဆောင်ရွက်နေကြောင်း ကမ်းခြေစောင့်တပ်ရဲ့ ဗိုလ်ကြီး နာအိုမီ ကေယက်ဘ်ယက်ဘ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရရှိထားသူတွေနဲ့ လတ်တလော တိုက်ရိုက် စကားပြောခွင့် မရသေးတဲ့အတွက် ရေယာဉ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို သေချာ မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။ ညနက်ပိုင်းထိ အခြေအနေ အရတော့ ရေယာဉ်ကို စွဲလောင်နေတဲ့ မီးကို ထိန်းချုပ် ငြှိမ်းသတ်ဖို့ ဆက်လက် ကြိုးစားနေရဆဲပါ။

အဲဒီတဝိုက်က ရေပြင်ဟာ ရေစီးသန်ပြီး ရာသီဥတု အခြေအနေလည်း ဆိုးရွားနေခြင်းက ကယ်ဆယ်ရေး အဖွဲ့တွေအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေစေပါတယ်။

M/V June Asterဟာ မြို့တော် မနီလာကနေ စတင်ထွက်ခွာလာပြီး ပါလာဝမ်မှာရှိတဲ့ ကိုရွန် အပန်းဖြေကမ်းခြေဆီ ခုတ်မောင်းလာရင်း မီးလောင်မှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။