Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကမ်းလွန်ကို တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီး အမေရိကန် စေလွှတ်

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

ဓာတ်ပုံ - EPA

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

အီရန်စစ်ပွဲဟာ ၇ လမြောက် ကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်ကြားမှာ သံတမန်ရေး ညှိနှိုင်းမှုတွေ ရှိနေပေမယ့် စစ်ပွဲ ရပ်စဲနိုင်မယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။

USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆန်ဒီယေဂို မြို့ကနေ ထွက်ခွာသွားခဲ့ကြောင်း အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ တချို့က ဆိုပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာတော့ မရိန်းစစ်သည် ၂၀၀၀ ကျော်ပါဝင်တဲ့ USS Makin Island ကမ်းတက် တိုက်ခိုက်ရေး အဖွဲ့လည်း အရှေ့အလယ်ပိုင်းဆီ ထွက်ခွာသွားပါတယ်။

နိုဝင်ဘာ လကုန်ပိုင်းလောက်ကျရင် အီရန်နိုင်ငံနားမှာ လေယာဉ်တင် သင်္ဘောဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ် (CSG) စုစုပေါင်း ၃ ခုနဲ့ ကမ်းတက်စစ်ဆင်ရေး တပ်ဖွဲ့ ၂ ခုထိ ဖြန့်ကျက်ထားပြီး ဖြစ်နေမယ်လို့ အမေရိကန် အရာရှိ တစ်ဦးက Al Jazeera သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ထရမ့်ဟာ အမေရိကန်ရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေအပြီး နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည် စတင်နိုင်ခြေ ရှိတယ်လို့လည်း မှတ်ချက်ပေးထားခဲ့ပါတယ်။

အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ တပ်အင်အား ၅၀၀၀၀ လောက်ကို ဖြန့်ကျက်ထားပြီး ဖြစ်သလို နောက်ထပ် တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ပါဝင်တဲ့ CSG တစ်ခုကို ထပ်မံ စေလွှတ်ခဲ့တာပါ။ Rooseveltပေါ်မှာ F-35 တိုက်လေယာဉ်တွေလည်း အခြေစိုက်ထားပြီး အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်နိုင်စွမ်းကို အင်အား ထပ်ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

Rooseveltကို မစေလွှတ်ခင် ကတည်းက အီရန်နိုင်ငံနားမှာ USS George H.W. Bushနဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးတွေ ဦးဆောင်တဲ့ CSG နှစ်ခုကိုလည်း အမေရိကန်က ဖြန့်ကျက်ထားခဲ့ပါတယ်။

CSG သုံးခုထိ ဖြန့်ကျက်မှုဟာ အီရန်က အမေရိကန်ကို လိုက်လျော ညှိနှိုင်းလာအောင် အင်အားပြ ခြိမ်းခြောက်တဲ့ သဘောလည်း ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ တစ်ချိန်တည်းမှာလည်း အမေရိကန်ဟာ အီရန်အပေါ် အပြင်းအထန် စီးပွားရေး ပိတ်ဆို့တဲ့ နည်းလမ်းတွေနဲ့ ဆက်ပြီး ဖိအားပေးနေပါတယ်။

တစ်ဖက်မှာတော့ စစ်ပွဲအချိန် ကြာညောင်းလာတာနဲ့အမျှ ပြည်တွင်းမှာ ထောက်ခံမှုကလည်း ပိုပြီး ကျဆင်းလာတာကို ထရမ့်က ကြုံတွေ့နေရပါတယ်။ APသတင်းဌာနနဲ့ NORC သုတေသန ဌာနတို့ ပူးပေါင်း ကောက်ယူတဲ့ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ အမေရိကန် နိုင်ငံသား ၇၀ ရာခိုင်နှုန်း နီးပါးက ဒီစစ်ပွဲဟာ ဆက်တိုက်နေဖို့ မထိုက်တန်တော့ဘူးလို့ ယုံကြည်ကြောင်း သဘောထား မှတ်ချက် ပေးခဲ့ကြပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစ်စီးဟာ အောက်တိုဘာ လဆန်းပိုင်းကျရင် တပ်သားတွေ အပန်းဖြေ အနားယူမယ့် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ဆီ ဆိုက်ရောက်လာမယ်လို့ သိရပါတယ်။

Facebook