Connect with us

Hi, what are you looking for?

ကဗျာ

‘ပေါ့ပါးနိူင်ကြစေ’

◼️ခွန်းနီ


မီးတွေ မီးတွေ
ဒီနိူင်ငံမှာမီးတွေကြီးပဲ
မချိမဆန့်လောင်မြိုက်နေကြတာ
တွေ့လား
တွေ့ကြရဲ့လား။
မီးတွေကပြောတယ်
ငါတို့ကိုအသက်ညှာဆုံးဝါးမြိုပစ်မယ်တဲ့
လေပူတွေကနေတစ်ဆင့်ငါသတင်းရတယ်
နားကြားမှားတာလို့နှစ်သိမ့်သူမရှိပါဘူး
အရိုးပြိုင်းပြိုင်းနဲ့အိမ်တိုင်အတိုအရှည်တွေဟာ
မသေပဲကျန်ခဲ့တဲ့သူရဲကောင်းတွေလို
ခေါင်းတွေမော့ထားလျှက်။
ဆုံးရှုံးခဲ့တဲ့ဘဝတွေအတွက်
သူဆယ်ယူပေးနိူင်ခဲ့တာဒါပဲရှိမယ်
မီးကျွမ်းပြီးကျန်ခဲ့တဲ့အိမ်တိုင်တွေမှန်း
ရိပ်မိလာတဲ့အခါခေါင်းတွေပြန်ငုံ့သွားတယ်
ဒုတိယအကြိမ်လောင်ကျွမ်းခံဖို့ခက်နေရှာမှာ။
စစ်တလင်းမှာကိုယ်ကျိုးနည်းခဲ့ကြသူတွေ
ပြာထုတ်တွေပိုက်ပြီး
ဘဝတွေကိုဆန်ပြာသလိုပြာကြည့်နေရှာတယ်
မျက်ရည်တွေသာတစ်ဖွဲဖွဲကျလာပြီး
ဘဝတွေဟာပြာတွေနဲ့ရောထွေးသွားပြီ။
ပေါ့ပါးပါစေဘဝတွေရေ
တစ်ကယ်ပေါ့ပါးလွတ်မြောက်ကြပါစေ
ထွက်သွားသူတွေလဲပေါ့ပါးပါစေ
ငါတို့မှာတော့လေးလံနေရဆဲ
မသေနိူင်သေးလို့ဖြစ်မှာပါ။
အသက်ရှုရတာခက်သလောက်
သေရတာကျလွယ်လွန်းတဲ့နိူင်ငံမှာ
အားလုံး အားလုံး ပေါ့ပါးကြပါစေ
နာရေးသတင်းတွေထုံမွှန်းထားတဲ့
မနက်ဖြန်တွေလဲပေါ့ပါးနိူင်ကြပါစေ
အဓမ္မတရားတွေလဲပေါ့ပါးစွာထွက်ခွာနိူင်ပါစေ
ဓမ္မတရားတွေလဲပေါ့ပါးစွာရောက်ရှိနိူင်ပါစေ
ကမ္ဘာကြီးလဲပေါ့ပါးပါစေ…..။ ။


(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ခွန်းနီ’
‘ရေးဖွဲ့တဲ့ “ပေါ့ပါးနိူင်ကြစေ” ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...