Connect with us

Hi, what are you looking for?

ကဗျာ

“ချစ်ခြင်းအားဖြင့် လွတ်မြောက်ပါစေ”

တခါက …
စာကြည့်တိုက် ပြတင်းပေါက်ကိုငေး
ပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ … သူမ
တခါက …
ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်း
ပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ … သူမ
ပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် …
သူမကိုမလိုတော့ဘဲ
ပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ … သူမ
အခု … ဘယ်နေရာမှာရှိနေလဲ
အခု … ဘယ်မြင်ကွင်းကိုငေးနေမလဲ
အခု … ဘာအကြောင်းတွေတွေးနေလဲ
အခု … ဘယ်သူနဲ့ စကားပြောနေမလဲ
အခု … ဘာတွေများလိုအပ်နေမလဲ
အခု … နေရောကောင်းရဲ့လား
အဖြေမရှိသော မေးခွန်းများနဲ့
အလွမ်းသက်သက် တောင်းဆုများ …
အဲဒီ့ ချစ်ခြင်းမေတ္တာတရားတွေ
လွတ်မြောက်ခြင်းကို ယူဆောင်လာနိုင်စေ။ ။

နေဘုန်းလတ်
၁၃ ၊ဇွန် ၊၂၀၂၅

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင်နိုင်ငံတော်အတိုင်ပင်ခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀) ပြည့် မွေးနေ့ဆုတောင်းပွဲနှင့်အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ဆုတောင်းပွဲကိုယနေ့(ဇွန်လ ၂၂)ကျင်းပခဲ့သည်။

သတင်း

လက်ရှိဂင်းနစ်မှတ်တမ်းမှာ ​မွေး​နေ့ဆု​တောင်းဗီဒီယိုသုံး​သောင်း​ကျော်ဖြင့် အိန္ဒိယရှိဘာသာ​ရေး​ခေါင်း​​ဆောင်တဦးက စံချိန်တင်ထားခြင်းဖြစ်

သတင်း

မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်အပါအဝင်နိုင်ငံတစ်ဝန်းမှာ သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၉)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အဖြစ် ပန်းသပိတ်နဲ့"ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ"ဆိုတဲ့​ကြွေး​ကြော်သံနဲ့ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook