Connect with us

Hi, what are you looking for?

ကဗျာ

“ငါဟာ နောက်ဆုံးမှ အိမ်ပြန်တဲ့သူဖြစ်တယ်”

◾️ မေရီသော်

ဘယ်မှာနေနေ ငါအိမ်ပြန်နောက်ကျခဲ့တာချည်း
လမ်းအတိုင်း ဆက်လျှောက်သွားဖြစ်
ပွဲတော်က လူတွေကို ရပ်တန့်ငေးမော
ငါ့နောက်က သည်းကြီးမည်းကြီးလိုက်နေတဲ့ ခွေးတအုပ်ကိုတောင်
တခါတလေ ငါဟာ မေ့လျော့နေတယ်
ကြိုတင်စဥ်းစားထားခြင်းမရှိဘဲ ချိုးကွေ့လိုက်တဲ့ ဝိရောဓိတွေ
မြောက်အရပ်ပျောက်ဆုံးသွားလို့ ကြောင်တောင်ကန်းရတာနဲ့
သီချင်းသံသဲ့သဲ့နောက်ကိုပဲ ငါလိုက်ခဲ့
အိမ်ပြန်လမ်းက တခုတည်း
ဒါပေမယ့် ဘယ်သူမှ ဘယ်သူနဲ့မှ မဆုံခဲ့ကြ
ငါတို့ထဲက တဝက်က ကဗျာရေးနေပြီး
ကျန်တဝက်က တစုံတယောက်ကို ပွေ့ဖက်နည်းအား ပြန်သင်ယူနေရ
မီးတောက်က သေးငယ်လာပေမယ့် အနားတိုးပြီး မထိုင်ဖြစ်ကြလို့ ငါတို့ကြားမှာ အေးစက်တဲ့လေထုကြီး
မပြောပေမယ့် ခံစားသိကြရဲ့ မဟုတ်လား
*ဘယ်အမှောင် ဘယ်လိုမှောင်လဲ
နေပွင့်လာဖို့ ဆုမတောင်းရဲကြတော့ဘူး
ဘုရင်ဖြစ်ဖို့ ဘယ်သူမှ အိပ်မက်မမက်ကြဘူး
ငါကတော့ မျက်စိလည်ရင်း မြေပုံစာရွက်ရဲ့အပြင်ဖက်ကို ရောက်နေခဲ့
ကြီးမြတ်တဲ့ စီရင်ချက် ချမှတ်လိုက်ချိန်မှာ ငါ့ကို သူတို့ရှာမတွေ့ကြတော့
အားလုံး တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိမ်ပြန်ရောက်သွားကြတဲ့အခါ
နောက်ဆုံးမှာ တံခါးပိတ်ပြီး သော့ခတ်ခဲ့ရမယ့်သူက ငါပဲဖြစ်နေပြန်တယ်

(ဘယ်အမှောင် ဘယ်လိုမှောင်လဲ – ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ်)

Public Service Announcement

Public Service Announcement

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​မေရီ​သော်’ရေးဖွဲ့တဲ့ “ငါဟာ နောက်ဆုံးမှ အိမ်ပြန်တဲ့သူဖြစ်တယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...