Connect with us

Hi, what are you looking for?

ကဗျာ

ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်

◼️ယောနသံ

သူက ‘ပန်း’ ပါတဲ့
မကြွေရဲရင် အစကတည်းက
ဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့
ပြတ်ပြတ် သားသား။

ဆူးပါတဲ့နှင်းဆီလည်း
ကြွေတတ်တာပဲ‌နော် ဆိုတော့
*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။

လူ့စည်း ဘီးလူ့စည်း
အသဲစားရဲမှ သားရဲဖြစ်မှာ
ပန်းမှာလည်း
ပန်းရဲ့စည်းတော့ ရှိရမပေါ့။

Public Service Announcement

Public Service Announcement

ဒါဟာ စစ်ပွဲတစ်ခုပဲလေ။

ကိုယ်က ဘီလူး ပါ
ဘီလူးတော့ ဘီလူး ဒါပေမယ့်
သာမန် သားသတ်လွတ်သမား
ပန်းစားဘီလူး။

ပန်းက မင်းဖြစ်နေတာတော့
တို့ကြမ္မာပေါ့..

အို…..တဲ့
အသံ‌လေးက ကြားရတယ်ဆိုရုံ
လေထဲ တိုးတိုးလေး
မလုံ့တလုံ ဖုံးအုပ်ထားတဲ့
ခန်းဆီးစ ပုဝါ ပါးလွှာလွာလေး
မပွင့်တပွင့် အပြုံးဖူးဖူးလေး
လေအဝေ့မှာ လှလိုက်တာ…

မိုးလင်းသွားရင်
လွမ်းခန်းနဲ့ သိမ်းရမယ့်ဇာတ်ဆိုတာ
တစ်ယောက်နဲ့ တစ်ယောက်က
ကြုံဖူးပြီးသား
မတော်တဆ
ပြန်‌‌တွေ့လို့ ဆုံမိကြရင်လည်း
လွမ်းတာကို လွမ်းတယ်လို့မပြောပဲ
သတိရတယ်လို့ပဲ ဖွပြီးပြောကြေး။

ဒီစစ်ထဲ
ဗိုလ်လုပ်ချင်တဲ့ကောင် ဆိုရင်
ကိုယ်တိုင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်တဲ့
နှလုံးသားတောင်ကုန်းလေး တစ်ခုတော့
အပိုင် ရှိထားသင့်တာပေါ့။

နှလုံးသားကိုဖောက်ဝင်မယ့်
ကျည်ဆံဟာ စိုင်လန့်ဆာတပ်ပြီး
တိတ်တိတ်လေး လာနေတယ်
ရဲဘော်…။

၅/၃/၂၀၂၅

(* မောင်ချောနွယ်)

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ယောနသံ’ရေးဖွဲ့တဲ့ “ရှေ့တန်းတနေရာက တခန်းရပ် ပန်း ပြဇာတ်’’ ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ Public Service Announcement (The Call...

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

Facebook