မောင်တင်သစ်
လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီ
တမိုးလုံးပျောက်နေတဲ့ ကောင်တွေ
ရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့
မြစိမ်းကမ္ဗလာပေါ်
နေရောင်အောက်မှာ ကခုန်ဖို့
သူတို့ ပြန်လာကြပြီ။ ။
၂၀၂၆
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”
ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)

Public Service Announcement



















































