Connect with us

Hi, what are you looking for?

သတင်း

NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် နိုင်ငံတကာကို ကုလအရာရှိတိုက်တွန်း

မြန်မာ့အရေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊​ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ဒုတိယမဟာမင်းကြီးက တိုက်တွန်းပြောကြားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီး Nada Al-Nashif ။ ဓာတ်ပုံ - Iraninternational

အီယိုရီ/People’s Spring

မြန်မာ့အရေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးများ၊​ လူငယ်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှတဆင့် နိုင်ငံရေးလုပ်ငန်းစဥ်ကို လုပ်ဆောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ဒုတိယမဟာမင်းကြီးက တိုက်တွန်းပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ‘မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ’နှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုတွင် ဒုတိယမဟာမင်းကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီကြောင့်ဖြစ်ပေါ်နေသော အကျပ်အတည်းကို အဆုံးသတ်နိုင်ရေး ‘ချဥ်းကပ်မှုအသစ်’ ချမှတ်လုပ်ဆောင်ရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးက ၎င်း၏ အစီရင်ခံစာတွင် မြန််မာနိုင်ငံ အခြေအနေမှာ ဆင်းရဲဒုက္ခတွင်းထဲ ဆက်လက်နစ်မြှုပ်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း မီးမောင်းထိုးတင်ပြခဲ့သည်။ ထို့အပြင် တိုင်ဖွန်းရာဂီအတွင်း စစ်ကောင်စီက လူသားချင်းစာနာမှုအကူအညီများကို တားဆီးပိတ်ပင်အမြတ်ထုတ်သည့်အခြေအနေကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ဒုတိယမဟာမင်းကြီးက ထည့်သွင်း အစီရင်ခံသည်။

စစ်ကောင်စီကြောင့်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို အဆုံးသတ်နိုင်ရေးအတွက် နည်းလမ်းသုံးခုကိုလည်း အထက်ပါ ဒုတိယမဟာမင်းကြီးက အဆိုပြုတင်ပြသည်။

ယင်းနည်းလမ်းသုံးခုမှာ လက်နက်ခဲယမ်းနှင့် စစ်လက်နက်ပစ္စည်းများ၊ လေယာဥ်ဆီများကို ဖြတ်တောက်နိုင်မည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရန်၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ရိုက်ထိတွေ့ရန်၊ နယ်စပ်ဖြတ်ကျော်နည်းလမ်းများဖြင့် လူသားချင်းစာနာမှုအကူအညီများပေးရန် အချက်များ ဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြန်လည်ဆွေးနွေးခဲ့ပြီး ကြိုဆိုထောက်ခံကြောင်း ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခကာလအတွင်း အရပ်သားပြည်သူများအပေါ် လူ့အခွင်းအရေးချိုးဖောက်မှုများကို မလုပ်ဆောင်ဘဲ လေးစားကာကွယ်ပေးရန် တောင်းဆိုချက်ကို NUG အနေဖြင့် အထူးလေးစားလိုက်နာမည်ဟု ထပ်လောင်းကတိပြုကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook