Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် သန်းခေါင်စာရင်းကောက်ရန်ကူညီနေသည့် ရာအိမ်မှူးပစ်သတ်ခံရ

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီထုတ်ပြန်ထားသော သန်းခေါင်စာရင်းကောက်ယူမှုပုံစံအား ပြသထားစဥ်။ ဓာတ်ပုံ - စကစ

မိထက်/People’s Spring

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ယနေ့(စက်တင်ဘာ ၂၆ရက်)ည ၇နာရီ ၁၅ မိနစ်တွင် အောင်ဆန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” မင်းမင်းထွန်းက တော်‌တော်ပဲ့တယ်။ လူက ဖရဲသီးရောင်းတယ်။ ကယ်ရီစွဲတယ်။ရဲက ခိုင်းဖော်ခိုင်းဘက်။ ရဲသတင်းပေး။ သန်းခေါင်စာရင်းကောက်ဖို့သူ လိုက်ကူနေတယ်။ အခု သေပြီ” ဟု ယင်းဒေသခံကပြောသည်။

မင်းမင်းထွန်းသည် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ် စစ်သင်တန်းတက်ရောက်ခဲ့သူ ဖြစ်သည်။ ၎င်းအား ပစ်ခတ်သွားသူများကို မသိရှိရသေးဘဲ ရုပ်အလောင်းအား စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က စစ်ဆေးရုံသို့ သယ်ဆောင်သွားသည်။

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း ကြေညာထားသည်။ စစ်ကောင်စီနှင့်ပူးပေါင်းရေး သန်းခေါင်စာရင်းကောက်မည့်သူများကို ပစ်မှတ်ထားရှင်းလင်းမည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့အချို့ကသတိပေးထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ဘေး ရေဘေးကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့များက ယနေ့ တိုက်တွန်းချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook