Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်‌ကောင်စီ ဗုံးထပ်ကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စစ်တင်ဘာလ ၂၈ရက်)ည ၈နာရီ ၃၄ မျနစ်၌ လေကြောင်းမှ ထပ်မံ ဗုံးကြဲရာထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-Nay Wai Soe

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စစ်တင်ဘာလ ၂၈ရက်)ည ၈နာရီ ၃၄ မျနစ်၌ လေကြောင်းမှ ထပ်မံ ဗုံးကြဲရာထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

လားရှိုးမြို့၊ ရပ်ကွက် ( ၈ ) ရပ်ကွက်ရုံးအနောက် ကားဝပ်ရှော့ပေါ်သို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များပျက်စီးကာ လူထိခိုက်မှု မသိရသေးကြောင်း ‌ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“နောက်ထပ်လေယာဉ်ပတ်နေလို့ဘာမှ မလုပ်နိုင်သေးဘူး။ လူထိခိုက်တာရှိတယ်။ မသိရသေးတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောက်စီသည် လားရှိုးမြို့ကို သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာ ၂၈ ရက်အထိ အနည်းဆုံး ၇ ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ယ​နေ့ည ဗုံးကြဲမှု မတိုင်ခင် အထမ ၆ ကြိမ်တွင် ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးပြီး ပြည်သူ ၄၀ ခန့်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook