Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆိုကာ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးဂရုမစိုက်ဘဲ နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်နေဟု MNDAA ထုတ်ပြန်

စစ်ကောင်စီအနေဖြင့် စက်တင်ဘာလဆန်းကစ၍ “တန်ပြန်ထိုးစစ်”ဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည် ကို တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

စစ်ကောင်စီအနေဖြင့် စက်တင်ဘာလဆန်းကစ၍ “တန်ပြန်ထိုးစစ်”ဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မှု အခြေအနေကို ယနေ့ ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။ တစ်လအတွင်း လားရှိုးမြို့အား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည့် လားရှိုးမြို့သည် မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့် ပစ်မှတ်ဖြစ်နေကြောင်း ဖော်ပြသည်။

သြဂုတ်လကုန်မှ စက်တင်ဘာ ၃၀ရက် နံနက်အစောပိုင်းအထိ မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ ဂျက်တိုက်လေယာဉ်များက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလနှောင်းပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် လားရှိုးမြို့ခံ ပြည်သူအချို့ မြို့မှ တိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ထို့ပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုမှာ MNDAAထုတ်ပြန်သည့် အရေအတွက်ထက်ပိုများပြီး ပြည်သူ ၉ဦး သေဆုံးကာ ၄၀ဦးကျော်ဒဏ်ရာရသည်ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

“လက်ရှိ အခြေအနေကြောင့် လေကြောင်း ဗုံးကြဲမှာကြောက်ပြီး တိမ်းရှောင်ကြတဲ့ ပြည်သူအချို့တော့ ရှိပါတယ်။ အခုလို လူမဆန်စွာနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို မျက်နှာပြောင်တိုက် ကျူးလွန်နေတာလို့ ပြောချင်ပါတယ်။ ပြည်သူတွေကိုပဲ ထိခိုက်တာမို့ ထပ်ပြီး မကြဲဖို့လည်း တောင်းဆိုချင်ပါတယ်”ဟု မနော်ဖောက ပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့ အပြင် ရှမ်းမြောက်ဒေသ အခြားနေရာများ၊ ကရင်နီ၊ကရင်၊ ရက္ခိုင်၊စစ်ကိုင်း၊ မန္တလေး၊ မကွေး စသည့် နိုင်ငံတဝန်း နေရာအများအပြားကို ယခု စက်တင်ဘာအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ရာချီသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook