Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တိုက်ပွဲ၌ အထိနာသွားသည့်စစ်ကောင်စီက စာသင်ကျောင်းကို ဗုံးကြဲ

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်းဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများ နှင့် PDF ပူး​ပေါင်းအဖွဲ့များ

လူအေး/People’s Spring

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မောင်းထောင်းကျေးရွာစာသင်ကျောင်းကို ယနေ့(အောက်တိုဘာလ ၂ရက်) ညနေ ၂နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးဆယ်လုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” စာသင်ကျောင်းကို တည်ပစ်သွားတာ။ ပြည်သူတစ်ဦး ထိတယ်။ ကံကောင်းတယ်ပြောရမယ်။ ဒဏ်ရာမပြင်းထန်ဘူး”ဟု ဘုတလင်မြို့ခံတစ်ဦးကပြောသည်။

ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်​ရေး(ပကဖ)အဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီသည် စာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ကျောင်းပိတ်ထား၍ ထိခိုက်မှုမများခြင်းဟု ပြောသည်။ ကျောင်းအဆောက်အအုံနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟုသိရသည်။

စက်တင်ဘာလ ၃၀ရက်​နေ့ခင်းပိုင်းတွင်ဘုတလင်မြို့ ကူတော်ရဲစခန်းမှထွက်လာသည့် အင်အား ၈၀ ​​ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးခဲ့သည်။

တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၅ ဦး​​ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်းကထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲက်ို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တခြားမဟာမိတ်အဖွဲ့များ ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အထိနာသွားသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လာနိုင်၍ လေကြောင်းအန္တရာယ်သတိပေးထားခြင်း၊ ဘေးလွတ်ရာသို့ နေရာချထားခြင်းများ ပြုလုပ်ထားကြောင်း ဘုတလင်မြို့နယ်ပကဖက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ