Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ တရုတ်ဘုံကျောင်းနှင့် နေအိမ်များလေကြောင်းထပ်မံတိုက်ခိုက်မှု အရပ်သားတစ်ဦးဒဏ်ရာရ

စစ်ကောင်စီက လားရှိုးမြို့ လူနေရပ်ကွက်အတွင်း ပေါက်ကွဲအားပြင်းထန်သော ဗုံးများဖြင့် လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ယနေ့နံနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

စစ်ကောင်စီက လားရှိုးမြို့ လူနေရပ်ကွက်အတွင်း ပေါက်ကွဲအားပြင်းထန်သော ဗုံးများဖြင့် လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ခံသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၄ရက် ယနေ့နံနက်စော ၂နာရီ ၁၀မိနစ်ကစ၍ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နံနက် ၄နာရီ ၈မိနစ်၊ ၅နာရီ ၁၄နှင့် ၅နာရီ ၁၉ မိနစ်များတွင်လည်း ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တရုတ်ဘုံကျောင်း နှင့်နေအိမ် အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဖေ့စ်ဘွတ်ခ် စာမျက်နှာက ထုတ်ပြန်သည်။

“ပြည်သူတစ်ယောက်ထိခိုက်ခဲ့ပါတယ်ရှင့်။ စစ်ကော်စီရဲ့ ပစ်မှတ်တွေက ပြည်သူတွေကိုပဲ ထိခိုက်နေတာမို့ လေကြောင်းတိုက်ခိုက်မှုကို ရပ်တန်းက ရပ်သင့်ပါတယ်လိုပပဲ ပြောချင်ပါတယ်”ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီဖက်မှ လားရှိုးမြို့ကို အကြမ်းဖက်ဆန်စွာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်း၌ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ပြည်သူထိခိုက် သေဆုံးရမှုများပြားလာခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာက တဆင့် အသိပေးသည်။

ထို့အပြင် မြို့တွင်း၌ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက်ပြီး နှစ်ရက်အကြာတွင် စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့လေကြောင်းတိုက်ခိုက်မှုတွေက ပြည်သူတွေကိုသာ အဓိကအားဖြင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်နေစေခဲ့ပါတယ်။ စစ်ရေးကာလအပြီးမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေနဲ့ပုံမှန်လည်ပတ်ဖို့ကြိုးစားနေတဲ့လားရှိုးမြို့ကို အဖျက်သဘောဆောင်တိုက်ခိုက်နေမှုဟာ စစ်ကောင်စီရဲ့ ယုတ်မာမှုများစွာထဲကတစ်ခုအပါအဝင်ဘဲဖြစ်ပါတယ်။ ယခုကဲ့သို့တိုက်ခိုက်နေမှုကြောင့် မြို့နေပြည်သူများထိတ်လန့်နေကြရပြီး လေ‌ယာဉ်သံကို အမြဲနားစွင့်နေကြရတယ်”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကိုဩဂုတ် ၃ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဩဂုတ် ၃၀ရက်မှစ၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စက်တင်ဘာတွင် လားရှိုးမြို့ကို ၉ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပြီး ယခု အောက်တိုဘာလတွင် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၉ဦးထက်မနည်းသေဆုံးကာ ၅၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောသည်။ MNDAAကမူ ဒေသခံ ၃ဦးသေဆုံးကာ ၅၀ ခန့် ဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။