Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ်တွင် စစ်ကောင်စီ၏ဒရုန်း ကိုယ့်စခန်းပေါ်ပြန်ပျက်ကျပြီး ထိခိုက်မှုရှိ

စစ်ကောင်စီတပ် ဗုံးချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ၅ ဦးထက်မနည်းဒဏ်ရာရ

လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဥ်။ ဓာတ်ပုံ -CJ။ ပုံဟောင်း ဖြစ်ပါသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာစခန်းမှ ကျေးရွာများအား ဗုံးကြဲပြီး ပြန်ခေါက်လာသည့် စစ်ကောင်စီတပ်၏ဒရုန်း ကိုယ့်စခန်းပေါ် ပြန်ပျက်ကျ၍ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၄ရက်) နံနက် ၅နာရီခန့်က ရေဦးမြို့နယ်၊ အောင်သာယာပျူစောထီးကျေးရွာစခန်းမှ စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ (၈)နှစ်အရွယ်မိန်းကလေး တစ်ဦး၊ (၈၀) ကျော်အရွယ် အဘွားအို တစ်ဦး၊ (၄၀) ကျော်အရွယ် အမျိုးသမီး နှစ်ဦးနှင့် (၄၅) နှစ်အရွယ် အမျိုးသား တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် နယ်မြေချင်းထိဆက်နေသည့် ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာကိုပါ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ (၃၀)ခန့်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်၏ ဒရုန်းပြန်ဆုတ်လာစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Jammerဖြင့် ဆွဲချခဲ့ရာ အောင်သာယာရွာပျူစောထီးစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုယ့်ဘက်က ဂျန်ပါနဲ့ပြန်ဆွဲတာ သူတို့ဘက်ပြန်ကျသွားတာ။ ၆ ကောင်သေပြီး ၁၀ကောင်လောက် ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့သူတွေကို ကန့်ဘလူဘက်ခေါ်သွားတယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ အောင်သာယာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် ယမန်နေ့ကလည်း ခင်ဦးမြို့နယ်၊ ကျောက်တိုင်ကြည်စုကျေးရွာများသို့လည်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုအချို့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂ ရက်ကလည်း ရေဦးမြို့မရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ရေဦးမြို့အနောက်ခြမ်းရှိ သံသည်ရွာမှ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook