Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုအမြောက်တပ်က ပန်းဆန်ရွာကို ဒရုန်း၊လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားများ ထိခိုက်မှုရှိ

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအခြေစိုက် စစ်ကောင်စီအမြောက်တပ်က မြို့နယ်အတွင်းရှိ ပန်းဆန်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးရှိသည်ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ အမြောက်တပ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဟန်နွေ/People’s Spring

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအခြေစိုက် စစ်ကောင်စီအမြောက်တပ်က မြို့နယ်အတွင်းရှိ ပန်းဆန်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးရှိသည်ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၅ရက် နံနက် ၈နာရီခွဲခန့်တွင် ကျောက်ထုအမြောက်တပ်သည် အရပ်သား ပြည်သူများ နေထိုင်ရာ ပန်းဆန်ကျေးရွာကို ဒရုန်းဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” လူထိခိုက်တာ ရှိတယ်ကြားတယ်။ သေဆုံးလည်းရှိတယ်။ သေချာမသိရသေးဘူး။ ဖုန်းဆက်မရသေး”ဟုဒေသ သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် အောက်တိုဘာ ၃ရက်ကလည်း ကျောက်ထုအမြောက်တပ်သည် ပန်းဆန်ရွာ ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဒေသအခြေအနေနှင့်ပတ်သက်ပြီး ဆောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ယခင်ကလည်း စစ်ကောင်စီတပ်သည် ပန်းဆန်ရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူလူထု သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။