Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကို စစ်ကောင်စီဗုံးထပ်ကြဲ ပြည်သူ ၁ဦး ဒဏ်ရာရ

ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(​​အောက်တိုဘာ ၆ရက်) နေ့လည်ပိုင်းတွင်လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာပြည်သူ ၁ဦးဒဏ်ရာရခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြသည်။

​အောက်တိုဘာ ၆ ရက်တွင် လားရှိုးမြို့ ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ဟန်နွေ/People’s Spring

ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(​​အောက်တိုဘာ ၆ရက်) နေ့လည်ပိုင်းတွင်လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာပြည်သူ ၁ဦးဒဏ်ရာရခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြသည်။

အောက်တိုဘာ ၆ရက် နေ့လည် ၁နာရီ ၃၆ မိနစ်တွင် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက်(၅) မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင် ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်များပေါ်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ဗုံးဒဏ်ကြောင့် သုံးထပ်တိုက်အိမ်တစ်လုံးနှင့်နှစ်ထပ်တိုက်အိမ်တစ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီမှ ယခင်ရက်ပိုင်းများတွင် လေကြောင်းတိုက်ခိုက်မှုများကို ညဖက်များမှာသာ ပြုလုပ်ခဲ့ပြီးယခုရက်ပိုင်းများမှာတော့ နေ့လည်ကြောင်တောင်ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခဲ့ပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။

လားရှိုးမြို့ခံ မနော်ဖောကလည်း “စစ်ကောင်စီဘက်က လူနေအိမ်တွေပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ က တားမြစ်ထားတဲ့ စစ်ရာဇဝတ်မှုကို မိတ်ဖက်နိုင်ငံအားကိုးနဲ့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ပြောလိုပါတယ်ရှင့်” ဟု ပြောသည်။

လားရှိုးမြို့အပါအဝင် ရှမ်မြောက်၌ စစ်ရေးရှုံးနိမ့်ပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရသည့် မြို့ရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှု၊ အရပ်သား ပြည်သူ နေအိမ်များစွာ ပျက်စီးမှုများ ဖြစ်ခဲ့သည်။

စစ်ကောင်စီသည် ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကိုဩဂုတ် ၃၀ ရက်မှစ၍လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့ရာ စက်တင်ဘာ နောက်ဆုံးပတ်တွင်ပိုမိုပြုလုပ်လာသည်။

ထို့နောက် အောက်တိုဘာ ၄ရက်မှ ​အောက်တိုဘာ ၆ ရက် အထိ လားရှိုးမြို့ကို နေ့စဉ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဩဂုတ်လကုန်မှ ယခု အောက်တိုဘာ ၆ရက်နေ့အတွင်း စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၃ကြိမ်ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ