Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက သီပေါ ဗုံးကြဲ၍ ပြည်သူ ၁ ဦးသေ၊ ကလေးငယ်များအပါအဝင် ၈ဦး ဒဏ်ရာရ

စစ်​ကောင်စီက သီပေါမြို့အားက​အောက်တိုဘာ ၅ ရက် တွင်လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီ ဗုံးကြဲမှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s Spring

စစ်​ကောင်စီက သီပေါမြို့အားက​အောက်တိုဘာ ၅ ရက် တွင်လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးပြီး ကလေး(၂)ဦး အပါအဝင်(၈)ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၅ရက် ည ၈နာရီခွဲမှစ၍ စစ်ကောင်စီက ပြည်သူလူထုကိုဦးတည် တိုက်ခိုက်သည့် လေကြောင်း ဗုံးကြဲမှုများပြုလုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် (၂)လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် (၁)လုံးနှင့် တောင်မြို့ရပ်ကွက် လယ်ကွက်အနီးတွင် (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊သီပေါ ရဲစခန်း၌အကျဉ်းကျနေသည့် အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု TNLA ကအသိ​ပေးသည်။

ထို့ပြင် မိုင်းရယ်မြို့နယ်နမ့်လမ် အခြေစိုက် စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ရာ လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လွယ်ကျိုင်းရွာမှ ၁၀ လသား အရွယ် နှင့် ၄နှစ်အရွယ်ကလေးငယ် နှစ်ဦး အပါအဝင် ပြည်သူ ၆ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက​ဖော်ပြထား သည်။

ထို့အပြင် ဒေသခံများ၏နေအိမ် အလုံး(၂၀)ကျော်နှင့် အိမ်စီးကားများ ဆိုင်ကယ်ယာဥ်များနှင့် နေအိမ်အတွင်းရှိပစ္စည်းများလည်း ထိခိုက်မီးလောင်ပျက်စီးခဲ့သည်ဟု အသိ​ပေးထားသည်။

TNLA သည်သီပေါမြို့နယ်၌နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၂၃)တပ်ရင်းကိုထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ပစ်ကူပေးတိုက်ခိုက်လျက်ရှိသည်။

ယခုလေကြောင်းတိုက်ခိုက်ခဲ့သည့်နေရာများသည် တိုက်ပွဲဖြစ်ပွားသည့်နေရာများမဟုတ်ဘဲ စစ်ကောင်စီကပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းရှမ်းမြောက် ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်း စစ်ရေးအထိနာနေသည့် နေရာများ၊ စစ်ရှုံးပြီး လက်လွှတ်ဆုံးရှုံးထားသည့် မြို့ရွာများကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်မှုများပိုမိုအရှိန်မြှင့်လုပ်ဆောင်နေ၍ ပြည်သူလူထု သေဆုံးထိခိုက်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook