Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း KNUဗဟိုက ယနေ့ (အောက်တိုဘာ ၇ရက်)တွင် သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အခြေအနေများကို ပုံမှန် သတင်းထုတ်ပြန်လေ့ရှိရာ ကျောက်ကြီး၊ ရွှေကျင်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးဖမ်းဆီးခံရမှုများကို အသိပေးထားသည်။

မုန်းမြို့နယ်တွင် အောက်တိုဘာ ၃ရက် နေ့လည်ပိုင်းက စစ်ကောင်စီ၏ ခမရ(၃၀၇) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၂လုံးပစ်ခတ်ခဲ့ရာ လှေဒုံးရွာ ဘုန်းကြီးကျောင်းရှေ့နှင့် ဘောလုံးကွင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တချိန်တည်းမှာပင် ၎င်းတပ်ရင်းမှ တောကျွဲအင်းမြို့အရှေ့ဘက် ရွာသစ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံး (၃)လုံးကြဲချခဲ့ရာ (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)တွင်လည်း အောက်တိုဘာ ၃ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီ၏ ခလရ−၅၇၊ ခမရ−၃၅၀၊ ခမရ−၃၄၉ ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီက အင်ဂနီ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ (၂၃)နှစ်ရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျောက်ကြီး(လယ်ဒို)မြို့နယ်တွင်လည်း စက်တင်ဘာ ၃၀ရက်က ကျောက်တံခါးမြို့ပေါ်သို့ ဈေးသွားဝယ်သော သမင်အင်ကုန်းရွာသား နှစ်ဦးကို ကျောက်တံခါးရဲတပ်ဖွဲ့၏ အမာခံသတင်းပေး စောစိုးနိုင်ဝင်းမှ ကျောက်တံခါးရဲစခန်းသို့ ခေါင်ဆောင်သွားပြီး ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း၊ တစ်ဦးကို ပြန်လွှတ်ပေးပြီး အောက်တိုဘာ ၄ရက်တွင် ကျပ် ၉သိန်း တောင်းယူပြီးနောက် ကျန်တစ်ဦးကိုပါ ပြန်လွှတ်ပေးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေများအတွင်းရှိ ပြည်သူလူထု နေထိုင်ရာ နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများစွာ ရှိခဲ့ပြီး ဒေသခံ ပြည်သူများစွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။