Connect with us

Hi, what are you looking for?

News

မြင်းမူပြည်သူ့ဆေးရုံကြီးအနီး ပေါက်ကွဲမှု မိမိတို့ပြုလုပ်ခြင်းမဟုတ်ကြောင်းပြည်သူ့တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ ကြေညာ

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများ စာသင်ကျောင်းများကို မည်သည့်အခါမှ ပစ်မှတ်ထား တိုက်ခိုက်မည်မဟုတ်ပါကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဟု အသိပေးသည်။

မြင်းမူပြည်သူ့ဆေးရုံကြီးအနီး ယနေ့ညနေပိုင်းကဖြစ်ပွားခဲ့သော ဖောက်ခွဲမှုသည် မိမိတို့ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ထိုလုပ်ရပ်အား မိမိတို့ ညီနောင်မဟာမိတ် အဖွဲ့နှစ်ဖွဲ့က အပြင်းအထန် ရှုံချကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က အသိပေးကြေညာသည်။

ယနေ့ (အောက်တိုဘာလ ၂၂ရက်)ညနေ ၃နာရီခွဲခန့်တွင် မြင်းမူမြို့နယ် မြင်းမူပြည်သူ့ဆေးရုံကြီး အနီး၌ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုသည် မိမိတို့ Black Eagle Defence Force -MMU နှင့် ညီနောင်မဟာမိတ်ဖြစ်သော Black Hawk Force Myinmu(BHFM) တို့မှ ပြုလုပ်ခဲ့ခြင်း(လုံးဝ)မဟုတ်ပါကြောင်းနှင့် ထိုလုပ်ရပ်အား မိမိတို့ ညီနောင်မဟာမိတ် အဖွဲ့နှစ်ဖွဲ့ အနေဖြင့် အပြင်းအထန် ရှုံချပါကြောင်း အဆိုပါအဖွဲ့နှစ်ဖွဲ့က အသိပေးကြေညာခဲ့သည်။

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများ စာသင်ကျောင်းများကို မည်သည့်အခါမှ ပစ်မှတ်ထား တိုက်ခိုက်မည်မဟုတ်ပါကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဟု အသိပေးသည်။

ထိုသို့ပြုလုပ်ခဲ့သော အဖွဲ့အား မိမိတို့အနေဖြင့် ရှာဖွေဖော်ထုတ်၍ အပြင်းအထန်အရေးယူသွားမည်ဖြစ် ကြောင်း Black Eagle Defence Force -MMUက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းက အရာတော်မြို့နယ်မှပြန်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကား ၂စီးသည် မြင်းမူမြို့နယ် ထီးဆောင်းရွာနှင့် နဘဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(မြင်းမူမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ်နေသည်ကို မေလ၉ရက်က တွေရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။