Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းမူပြည်သူ့ဆေးရုံကြီးအနီး ပေါက်ကွဲမှု မိမိတို့ပြုလုပ်ခြင်းမဟုတ်ကြောင်းပြည်သူ့တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ ကြေညာ

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများ စာသင်ကျောင်းများကို မည်သည့်အခါမှ ပစ်မှတ်ထား တိုက်ခိုက်မည်မဟုတ်ပါကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဟု အသိပေးသည်။

မြင်းမူပြည်သူ့ဆေးရုံကြီးအနီး ယနေ့ညနေပိုင်းကဖြစ်ပွားခဲ့သော ဖောက်ခွဲမှုသည် မိမိတို့ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် ထိုလုပ်ရပ်အား မိမိတို့ ညီနောင်မဟာမိတ် အဖွဲ့နှစ်ဖွဲ့က အပြင်းအထန် ရှုံချကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က အသိပေးကြေညာသည်။

ယနေ့ (အောက်တိုဘာလ ၂၂ရက်)ညနေ ၃နာရီခွဲခန့်တွင် မြင်းမူမြို့နယ် မြင်းမူပြည်သူ့ဆေးရုံကြီး အနီး၌ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုသည် မိမိတို့ Black Eagle Defence Force -MMU နှင့် ညီနောင်မဟာမိတ်ဖြစ်သော Black Hawk Force Myinmu(BHFM) တို့မှ ပြုလုပ်ခဲ့ခြင်း(လုံးဝ)မဟုတ်ပါကြောင်းနှင့် ထိုလုပ်ရပ်အား မိမိတို့ ညီနောင်မဟာမိတ် အဖွဲ့နှစ်ဖွဲ့ အနေဖြင့် အပြင်းအထန် ရှုံချပါကြောင်း အဆိုပါအဖွဲ့နှစ်ဖွဲ့က အသိပေးကြေညာခဲ့သည်။

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများ စာသင်ကျောင်းများကို မည်သည့်အခါမှ ပစ်မှတ်ထား တိုက်ခိုက်မည်မဟုတ်ပါကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဟု အသိပေးသည်။

ထိုသို့ပြုလုပ်ခဲ့သော အဖွဲ့အား မိမိတို့အနေဖြင့် ရှာဖွေဖော်ထုတ်၍ အပြင်းအထန်အရေးယူသွားမည်ဖြစ် ကြောင်း Black Eagle Defence Force -MMUက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းက အရာတော်မြို့နယ်မှပြန်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကား ၂စီးသည် မြင်းမူမြို့နယ် ထီးဆောင်းရွာနှင့် နဘဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(မြင်းမူမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အကြမ်းဖက် ပစ်ခတ်နေသည်ကို မေလ၉ရက်က တွေရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းဥပဒေအသက်မသွင်းမီကတည်းက မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် ပြည်သူ့စစ်ခေါ် ပျူသင်တန်းများ အဓမ္မဖွင့်လှစ်နေသည်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။