Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်တပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်၍ ကလေးနှစ်ဦးအပါအဝင် ပြည်သူ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးကြောင်း ​သတင်းရရှိသည်။

စက်တင်ဘာ၂၉ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပျက်စီးသွားသော နေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် ဒေသခံပြည်သူသုံးဦး သေဆုံးကြောင်း ​သတင်းရရှိသည်။

ယနေ့(အောက်တိုဘာ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က အင်းလယ်ကြီးကျေးရွာအား ငါတို့ရွာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သေဆုံးတဲ့သူတွေဟာ တစ်မိသားစုတည်းလားဆိုတာတော့ မသိရသေးဘူး။ ဒရုန်းချတဲ့စကစအဖွဲ့ကတော့ ငါတို့ရွာထဲမှာပဲရှိသေးတယ်။ ဘယ်မှမထွက်သေးဘူး။”ဟု ၎င်းက ပြောသည်။

သေဆုံးသူများမှာ (၄)နှစ်အရွယ် မသိမ့်သိမ့်ဖြူ၊ အသက် (၁၀)နှစ်အရွယ် မငြိမ်းအိစံ၊ အသက် (၃၀)နှစ်အရွယ် မဖြူဝင်းတို့ဖြစ်ပြီး နေအိမ်အချို့ပါ ပျက်စီးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ရှိ အမှတ်(၆၀၀၆)တင့်ကားတပ်မှ လာသော စစ်ကြောင်းများသည် ယခင်ကဲ့သို့ စစ်ကြောင်းထိုးခြင်းများမလုပ်ဘဲ ကျေးရွာများအား ဗုံးသီးတိုက်ခိုက်မှုများအား ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်က ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုနှင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့သည်။

ထို့အပြင် စက်တင်ဘာ၂၉ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာနှစ်ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၄လုံး ပျက်စီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook