Connect with us

Hi, what are you looking for?

သတင်း

ပြည်ပမှပြန်လာသော သင်္ဘောသားအချို့အပါအဝင် လူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရ

ပြည်ပမှပြန်လာသော သင်္ဘောသားအချို့အပါအဝင် လူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီးအဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

ရန်ကုန်လေဆိပ်အတွင်းပိုင်းတနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - AT

ရဲခေါင်/People’s Spring

ပြည်ပမှပြန်လာသော သင်္ဘောသားအချို့အပါအဝင် လူအချို့ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီးအဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ဖမ်းဆီးသွားသူများမှာ သင်္ဘောသားအချို့နှင့် ပြည်ပနိုင်ငံများတွင်အလုပ်အကိုင်အဆင်မပြေ၍ ပြန်လာသူအချို့ပါဝင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” သင်္ဘောသားအသိုင်းအဝိုင်းမှာတော့ ဒီမနက်ကစပြီး သတင်းတွေ စထွက်နေတာ။ ကုမ္ပဏီနဲ့စာချုပ်ပြည့်ပြီး ပြန်လာတဲ့သူ ကို(-)တစ်ယောက်ကို ပြီးခဲ့တဲ့ လေးရက်လောက်က လေဆိပ်ထဲ မှာ စစ်ဆေးဖို့ဆိုပြီးခေါ်သွားခံရတယ်။ အခုထိ မိသားစုနဲ့ရော အေဂျင်စီနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတယ်။ တခြားဖမ်းဆီးခံရတဲ့ သင်္ဘောသားတချို့လည်း ရှိတယ်ပြောတယ်။ သူတို့နာမည်နဲ့ ဖြစ်စဥ်ကို အသေးစိတ်မသိရသေးဘူး”ဟု မြန်မာသင်္ဘောသား အေဂျင်စီတစ်ခု၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် မလေးရှားနိုင်ငံမှ ပြန်လာသူအမျိုးသားသုံးဦးအနက် နှစ်ဦးဖမ်းဆီးခံရပြီး ကျန်တစ်ဦးမှာ လေဆိပ်ရှိ စစ်ကောင်စီအရာရှိကို ကျပ်သိန်း ၇၀ပေး၍ လွတ်မြောက်လာခဲ့ကြောင်းလည်း ရန်ကုန်လေဆိပ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“လေဆိပ်ထဲမှာကို စရဖက ကောင်တွေဖမ်းတာ။ပြီးတော့ သုံးယောက်စလုံးကို စစ်ပြီး တစ်ယောက် သိန်း ၇၀တောင်းတာ။အလုပ်အဆင်မပြေလို့ ပြန်လာတဲ့ သူတွေလေ။ ပေးနိုင်တဲ့တစ်ယောက်က လွတ်တယ်။ကျန်တဲ့ နှစ်ယောက်ကဖမ်းပြီး ဘယ်ပို့လိုက်လည်းမသိဘူး”ဟု ၎င်းက လူထူနွေဦးသို့ ပြောသည်။

ရန်ကုန်လေဆိပ်၌ စက်တင်ဘာ ၂၃ ရက်မှ အောက် တိုဘာ ၁၄ ရက်အထိ ပြည်ပမှပြန်လာသူ အမျိုးသား ၁၄ ဦးအထိဖမ်းဆီးခံထားရကြောင်း ပြည်တွင်းသတင်းအချက်များ လေ့လာပြုစုသည့် FNCCက အသိပေးသည်။

“လွန်ခဲ့တဲ့ ၅ ရက်တုန်းက နောက်ထပ်သတင်းဖုံးကွယ်ခံထားရတဲ့ဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။ ရန်ကုန်ကို ပြန်လာတဲ့သင်္ဘောသား နှစ်ယောက်ဟာ ရန်ကုန်လေ ဆိပ်မှာလေယာဉ်ဆိုက်ပြီး နောက်ပိုင်း မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အခြေအနေတစ်ခုရှိခဲ့ပါတယ်။ နှစ်ယောက်စလုံး ဘယ်လိုအခြေအနေတွေကြုံခဲ့ရတယ်မသိပေမဲ့ ပထမတစ်ယောက်နဲ့ပတ်သက်လို့ ခလရ ဘယ်လောက်ကနေ ဆက်တာပါ ဆိုပြီး ဗိုလ်မှုးတစ်ဦးရဲ့ ဖုန်းတစ်ကော မနေ့က မိသားစု ဆီ၀င်လာခဲ့ပြီး ပြန်မေးတဲ့အခါ တိတိကျကျ မပြောတဲ့အတွက် မိသားစုကလည်း တော်တော်စိုးရိမ်နေကြရပါတယ်”ဟု FNCC တာဝန်ရှိသူက ပြောသည်။

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း စစ်ကောင်စီက လူငယ်များအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ကာ ရန်ကုန်အပါအဝင် နယ်မြို့များတွင် အတင်း အဓမ္မတပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသည်။

နိုင်ငံအနှံ့စစ်မျက်နှာပြင်များတွင် အရေးနိမ့်နေသည့် စစ်ကောင်စီက တပ်သားသစ်များစုဆောင်းရန်အတွက် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် အသက်ကန့်သတ်ချက် ပြည့်မီသည့်လူငယ်များ နိုင်ငံတွင်းမှ ထွက်ခွာခွင့်မရရန် နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်တားမြစ်နေသည်။

အဆိုပါဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်မှလွတ်ရန် လူငယ်များမှာ ရသည့်နည်းဖြင့် ထွက်ပြေးကြရာ နောက်ဆုံးတွင် စစ်ကောင်စီက လူလတ်ပိုင်းအမျိုးသားများကို ပြည်ပထွက်ခွင့် ကန့်သတ်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။