Connect with us

Hi, what are you looking for?

သတင်း

ပင်လယ်ပြင်တွင် ဓားပြအတိုက်ခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးကို AA လွှဲပြောင်းပေး

ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့် တပ်က ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ပင်လယ်ပြင်တွင် ဓားပြအတိုက်ခံရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးကို AA လွှဲပြောင်းပေးနေစဉ်။ ဓာတ်ပုံ - AA

ဟန်နွေ/People’s Spring

ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာတွင် စွန့်ပစ်ထားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့် တပ်က ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ ၁၄ ဦး၊တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုးရီကျေးရွာမှ တစ်ဦး၊ ကော့ဘာဇာမြို့၊ ဖီးချားရီကကျေးရွာမှ တစ်ဦး စုစုပေါင်း ၁၆ဦး ပါ မော်တော်ဘုတ်တစ်စီးသည် စက်တင်ဘာ ၂၈ရက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာရာ အောက်တိုဘာ ၄ရက် ညနေတွင် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ ၆၀ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ဦးသည် ၎င်းတို့၏ မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီးလှောင်ပိတ်ခြင်းကို ခံခဲ့ရကြောင်း၊ ပင်လယ်ဓားပြအဖွဲ့သည် မော်တော်ဘုတ် (၃)စီးဖြင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး ရေလုပ်သား ငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ဘုတ်တွင်ပါလာသမျှသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားသည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိင်ငံသား ၁၆ဦးအား ကယ်တင်ထားစဉ်တွင်လည်း ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြောင်း၊ ထို့နောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ပြီး အောက်တိုဘာ ၁၄ရက် ညနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။