Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ လုံခြုံရေးယူနေသော စစ်သားများ။ ဓာတ်ပုံ - AFP

သုည၊သတိုး/People’s Spring

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။

“ရန်သူအငိုက် ကိုယ့်အကြိုက် ၊နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိတယ် ရန်ကုန်က ရန်ကုန်သားတွေရဲ့ မြေ”ဟု GHF က သတင်းထုတ်ပြန်ချက်နှင့်အတူ‌ ရေးသား၍တင်ထားသည်။

Public Service Announcement

Public Service Announcement

“ညက ကမ္ဘာအေးဘက်မှာ ဗုံးပေါက်သံတော့ ကြားမိတယ်။ မိုးတွေမရွာခင် ၁၂ နာရီခွဲလောက် ဖြစ်မယ်ထင်တယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ် ပေါက်တာလို့ သိရတယ်။ ထိခိုက်မှု ရှိ မရှိတော့ သေချာမသိရဘူး”ဟု မရမ်းကုန်းမြို့နယ်နေ ပြ​ည်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အဌမမြောက် ဖော်ဆောင်မှု ဖြစ်ကြောင်း God’s Hand Forces (GHF) အဖွဲ့က ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ထောက်တိုင်များ ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန်လည်း မြို့ပြပြောက်ကျားအဖွဲ့က မေတ္တာရပ်ခံသည်။

God’s Hand Forces (GHF) အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်ကလည်း “M 043 စစ်ဆင်ရေး” အဖြစ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီ၏ ယာယီဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မတ်-၂၂၊၂၀၂၆။မိုမို/People’s Spring ရန်ကုန်-မန္တလေးလမ်းမကြီး၊ နေပြည်တော်ကောင်စီနယ်မြေအဝင် စစ်တပ်ရဲ့အဖွဲ့စုံစစ်ဆေးရေး စုပေါင်းဂိတ်ကို မတ်လ ၂၁ရက် ​နေ့လယ် ၁၂နာရီ က စစ်တပ်ရဲ့​လေ​ကြောင်းရန်ကာကွယ်​ရေးစနစ်​တွေကို​ကျော်လွှားပြီး​တော့FPVဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ တာဝန်ရှိသူက​ပြောပါတယ် ။ Operation Fly Over Urban (Yae Ni) လို့အမည်​ပေးထားတဲ့ စစ်ဆင်​ရေးမှာ စစ်တပ်ဘက်...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။