Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုကို တော်လှန်ရေးတပ်များ ထပ်မံသိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်​၏ ကာကင်းစခန်းသုံးခုအား မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂)VENOMစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

မြဝတီ - ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်​၏ ကာကင်းစခန်းသုံးခုအား တော်လှန်ရေးတပ်များသိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CobraColumn2VENOM

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်​၏ ကာကင်းစခန်းသုံးခုအား မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂)VENOMစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ​၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။

ကော်ဘရာပူးပေါင်းစစ်ကြောင်းများသည် အောက်တိုဘာ ၁၇ရက်ကလည်း မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ​၏ စွယ်တော်ကုန်းဗျူဟာအမြှောက်ကုန်းစခန်းကိုလည်း သိမ်းပိုက်ထားသည်။ အဆိုပါစခန်းကုန်းသိမ်းတိူက်ပွဲမှ ၁၂၀ မမ နှစ်လက်နှင့် ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။