Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေကို အကောင်းဆုံးကူညီနိုင်မယ့် နည်းလမ်းကို ကုလညီလာခံမှာ အထူးအစီရင်ခံစာတင်သွင်းသူချပြ

ကမ္ဘာ့နိုင်ငံများနဲ့ ကမ္ဘာ့ပြည်သူတွေဟာ တကယ်ပဲ မြန်မာပြည်သူတွေကို ဂရုထားတယ်ဆိုတာကို ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ လက်တွေ့ပြကြပါ။ သူတို့နဲ့အတူ တသားတည်းရပ်တည်လိုတယ်ဆိုတာကို စကားလုံးဖြင့်ပဲ ပြနေရုံမဟုတ်တော့ပါဘူး။ အရေးကြီးဆုံးကတော့ လက်တွေ့လုပ်ဆောင်ကြဖို့ပါ”လို့ Tom Andrewsက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို လက်နက်၊ငွေကြေးနဲ့ တရားဝင်မှု သုံးခုဖြတ်တောက်ခြင်းဟာ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်မယ့်အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က မနေ့(​အောက်တိုဘာ၂၂) က ပြောပါတယ်။

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံကို မိန့်ခွန်းပြောကြားရာမှာ Tom Andrewsက အခုလိုထည့်သွင်းပြောကြားတာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ နိုင်ငံတကာ ကိုပြောချင်တဲ့ သတင်း စကားက အခုလိုဆိုးဆိုးရွားရွားခံစားကြုံတွေ့နေရတာကို ဂရုပြုကြဖို့နဲ့ ဂရုပြုမှုနဲ့အညီ အဓိပ္ပာယ်ပြည့်၀တဲ့ လက်တွေ့လုပ်ဆောင်မှုတွေလုပ်ဆောင်ပေးကြဖို့ ဖြစ်တယ်လို့ ညီလာခံကို ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံများနဲ့ ကမ္ဘာ့ပြည်သူတွေဟာ တကယ်ပဲ မြန်မာပြည်သူတွေကို ဂရုထားတယ်ဆိုတာကို ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ လက်တွေ့ပြကြပါ။ သူတို့နဲ့အတူ တသားတည်းရပ်တည်လိုတယ်ဆိုတာကို စကားလုံးဖြင့်ပဲ ပြနေရုံမဟုတ်တော့ပါဘူး။ အရေးကြီးဆုံးကတော့ လက်တွေ့လုပ်ဆောင်ကြဖို့ပါ”လို့ Tom Andrewsက ပြောပါတယ်။

စစ်အစိုးရအတွက် အကြီးမားဆုံးနဲ့ တစ်ခုတည်းသောဝင်ငွေက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ လုပ်ငန်းဖြစ်ပြီး အဲဒီလုပ်ငန်းကို အရေးယူဒဏ်ခတ်ဖို့ မြန်မာပြည်တွင်းက ရာနဲ့ချီတဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေ တောင်းဆိုထားမှုအပေါ် လိုက်နာဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို အထူးအစီရင်ခံစာတင်သွင်းသူက တိုက် တွန်းပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးချိန်ကစလို့ လူသားထုအပေါ် ကျူးလွန် တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေမြောက်ဖွယ်ရှိတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း အထူးအစီရင်ခံစာတင်သွင်းသူက ထပ်မံပြောပါတယ်။

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ ကမ္ဘာကြီးမှာ တာဝန်ရှိပြီး အထူးသဖြင့်ကြေကွဲစရာအဖြစ် အပျက်တွေအပေါ် စနစ်တကျ အရေးယူဆောင်ရွက်ဖို့ ဆန္ဒမပါသူတွေ၊ လုပ်နိုင်စွမ်းမရှိသူတွေနဲ့ လွှဲထားဖို့မသင့်ဘူးလို့လည်း Tom Andrews က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook