Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်မြန်မာပြည်သူများကို ကူညီရန် အမေရိကန် က ဒေါ်လာ ၃သန်း ထပ်မံပေးအပ်

မြန်မာနိုင်ငံအတွင်းမှ တိုင်ဖွန်းယာဂိရေဘေးသင့်ပြည်သူများကို ကူညီရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ရန်ပုံငွေ ဒေါ်လာ ၃သန်း ပေးအပ်သွားမည်ဟု ရန်ကုန်မြို့အမေရိကန်သံရုံးက ကြေညာသည်။

ကရင်နီပြည်တ​စ်​နေရာတွင်​ရေ​ကြီး​နေစဥ်။ ဓါတ်ပုံ-CJ

ထားအိ/People’s Spring

မြန်မာနိုင်ငံအတွင်းမှ တိုင်ဖွန်းယာဂိရေဘေးသင့်ပြည်သူများကို ကူညီရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ရန်ပုံငွေ ဒေါ်လာ ၃သန်း ပေးအပ်သွားမည်ဟု ရန်ကုန်မြို့အမေရိကန်သံရုံးက ကြေညာသည်။

အဆိုပါအကူအညီမှာ ရေဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို လေ့လာရန်၊ USAID၏ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်သည့် မိတ်ဖက်များနှင့်တွေ့ဆုံရန်နှင့် ကပ်ဘေးတုံ့ပြန်ရေးအတွက် အခြားနည်းလမ်းများရှာဖွေရန် USAID ၏ သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံတွင်းရှိ ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ကြသော ခရီးစဉ်၏ ရလဒ်ဖြစ်ကြောင်း သံရုံး၏ ယမန်နေ့ ကြေညာချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အမေရိကန်အစိုးရ၏ ရေဘေးတုံ့ပြန်မှုထပ်ဆောင်းရန်ပုံငွေသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအကူအညီများကို ဖြန့်ဖြူးခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် တုံ့ပြန်ဆောင်ရွက်မှုများဆက်လက်ပြုလုပ်နေသည့် USAID ၏ မိတ်ဖက်များအတွက် ဖြည့်စွက်ကူညီခြင်းတို့အပါအဝင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်သည့် မိတ်ဖက်အဖွဲ့အစည်းများက ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ချောမွေ့အဆင်ပြေစေမည်ဟု သံရုံးက ဆိုသည်။

အဆိုပါ ထပ်တိုးရန်ပုံငွေသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရက ထပ်မံပေးအပ်ထားသည့်ရန်ပုံငွေ ဒေါ်လာ ၄၇ သန်းကျော်အပြင် ထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆိုးရွားစွာရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ကျော်ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က စက်တင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းယာဂိ အကြွင်းအကျန်များနှင့် မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီးနောက် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ရက်အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့် ရှိကြောင်း OCHA က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတဝန်းအရေးပေါ်အသက်ကယ်ဆယ်ရေးအကူအညီလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများကို အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားပြီး တနိုင်ငံလုံးရှိ ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်စေရေးအတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှ အာဏာပိုင်များနှင့် ပဋိပက္ခနှင့် သက်ဆိုင်သူများကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းသည်။

ယင်းနောက် မြန်မာပြည်သူများကို အကူအညီများ ပိုမိုပေးအပ်ရာတွင် ၎င်းတို့နှင့်အတူ ပါဝင်ကြပါရန် အခြားသော အလှူရှင်များကိုလည်း အမေရိကန်က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။