Connect with us

Hi, what are you looking for?

သတင်း

တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ၁၀၂၇စစ်ဆင်ရေး (၁)နှစ်ပြည့်အဖြစ် မြန်မာများဆန္ဒပြ

တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာများက “Operation 1027” ၁၀၂၇စစ်ဆင်ရေး (၁)နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (အောက်တိုဘာ ၂၈) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - CJ

သုည/People’s Spring

တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ဂျပန်ရောက် မြန်မာများက “Operation 1027” ၁၀၂၇စစ်ဆင်ရေး (၁)နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ (အောက်တိုဘာ ၂၈) ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာများက စစ်ကောင်စီကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်တပ်ဖွဲ့များ၏ လုပ်ဆောင်ချက်များကို အပြည့်အဝထောက်ခံကြောင်း၊ စွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းအာဇာနည်များ၏ မပြီးဆုံးသေးသော တော်လှန်ရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ပံ့ပိုးသွားမည် ဖြစ်ကြောင်း ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အရပ်သားများကို အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်နေသည့် စစ်ကောင်စီအား အပြင်းအထန်ရှုတ်ချကြောင်း၊ သံတမန်ကျင့်ဝတ်နှင့် မညီသောသံဝန်ထမ်းများကိုလည်း ပြည်သူများက အလိုမရှိကြောင်း၊ ထိုက်သင့်သော အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ၁၀၂၇ စစ်ဆင်ရေးကာလက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သတင်း

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲက ၁၀၀ခန့်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်တပ်ထံ ပြန်လွှဲပေးလိုက်တယ်လို့သတင်းရရှိပါတယ်။

Facebook