Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံမဖိတ်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ချီးကျူး

“အာဆီယံသဘောတူညီချက် ငါးရပ်ကို စစ်အာဏာရှင်ကတိုးတက်မှုတွေမလုပ်ဆောင်တဲ့အတွက် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုကချီးကျူးပါတယ်” လို့ Derek Chollet က ရေးသားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်ချက်ကို အမေရိကန်က ချီးကျူးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွေလာရောက်လည်ပတ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်က The Jakarta Post သတင်းဌာနမှာ “အမေရိကန်နဲ့ အရှေ့တောင်အာရှ၊ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းလာခြင်းနဲ့ဘုံစိန်ခေါ်မှုတွေကိုဖြေရှင်းခြင်း” ခေါင်းစဉ်နဲ့ အမြင်ဆောင်းပါးမှာ မြန်မာ့အရေးကို ဖော်ပြခဲ့ပါတယ်။

“အာဆီယံသဘောတူညီချက် ငါးရပ်ကို စစ်အာဏာရှင်ကတိုးတက်မှုတွေမလုပ်ဆောင်တဲ့အတွက် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုကချီးကျူးပါတယ်” လို့ Derek Chollet က ရေးသားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ မြန်မာနိုင်ငံကိုယ်စား ပြုအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်တဲ့ကိုယ်စားလှယ်ကို ဖိတ်ကြားသွားမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်က အကြမ်းဖက်နှိပ်ကွပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိခွင့်ပြုဖို့၊ မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်နေမှုတွေအားလုံးရပ်တန့်ဖို့ အချက်တွေကိုလည်း အမေရိကန်က ထပ်မံတောင်းဆိုပါတယ်။

နောက်ပြီး ဧပြီလအတွင်းမှာ စစ်အာဏာရှင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့အတွက် စစ်အာဏာရှင်ကိုဖိအားပေးရာမှာ အမေရိကန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ Derek Chollet က ပြောပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ အာဆီယံအထူးသံတမန် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်ကို မြန်မာနိုင်ငံဆီလာရောက်ခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနဲ့ခြွင်းချက်မရှိတွေ့ခွင့်ပြုဖို့လည်းပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်