Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံမဖိတ်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ချီးကျူး

“အာဆီယံသဘောတူညီချက် ငါးရပ်ကို စစ်အာဏာရှင်ကတိုးတက်မှုတွေမလုပ်ဆောင်တဲ့အတွက် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုကချီးကျူးပါတယ်” လို့ Derek Chollet က ရေးသားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်ချက်ကို အမေရိကန်က ချီးကျူးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွေလာရောက်လည်ပတ်ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်က The Jakarta Post သတင်းဌာနမှာ “အမေရိကန်နဲ့ အရှေ့တောင်အာရှ၊ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းလာခြင်းနဲ့ဘုံစိန်ခေါ်မှုတွေကိုဖြေရှင်းခြင်း” ခေါင်းစဉ်နဲ့ အမြင်ဆောင်းပါးမှာ မြန်မာ့အရေးကို ဖော်ပြခဲ့ပါတယ်။

“အာဆီယံသဘောတူညီချက် ငါးရပ်ကို စစ်အာဏာရှင်ကတိုးတက်မှုတွေမလုပ်ဆောင်တဲ့အတွက် လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်မှုကို အမေရိကန်ပြည်ထောင်စုကချီးကျူးပါတယ်” လို့ Derek Chollet က ရေးသားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ မြန်မာနိုင်ငံကိုယ်စား ပြုအနေနဲ့ နိုင်ငံရေးနဲ့မပတ်သက်တဲ့ကိုယ်စားလှယ်ကို ဖိတ်ကြားသွားမယ်လို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်က အကြမ်းဖက်နှိပ်ကွပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အတားအဆီးမရှိခွင့်ပြုဖို့၊ မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်နေမှုတွေအားလုံးရပ်တန့်ဖို့ အချက်တွေကိုလည်း အမေရိကန်က ထပ်မံတောင်းဆိုပါတယ်။

နောက်ပြီး ဧပြီလအတွင်းမှာ စစ်အာဏာရှင်ကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့အတွက် စစ်အာဏာရှင်ကိုဖိအားပေးရာမှာ အမေရိကန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ Derek Chollet က ပြောပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ အာဆီယံအထူးသံတမန် ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရာဝမ်ယူဆွဖ်ကို မြန်မာနိုင်ငံဆီလာရောက်ခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနဲ့ခြွင်းချက်မရှိတွေ့ခွင့်ပြုဖို့လည်းပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။