Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်​၏ရွာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

စစ်ကောင်စီသည် စစ်တပ်ထောက်ခံသည့် သင်္ဃန်းဝတ်ဝါသဝ၏ ပျူစောထီးတပ်အကူအညီဖြင့် မြို့ကို ထိန်းချုပ်ထားသည်။

(ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှ စစ်ကောင်စီစခန်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှ စစ်ကောင်စီစခန်းတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

စစ်ကောင်စီ​၏ စစ်ကိုင်းတိုင်းတိုင်းဝန်ကြီးချုပ် ဇာတိ ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့သည်။

ကာဘိုးကျေးရွာမှ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၈ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

” သေတာကတော့ သုံးယောက်မကဘူးဗျ။ သေနတ်သုံးလက်နဲဲ့ စစ်သုံးပစ္စည်းတွေလည်း ရခဲ့တယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကာဘိုးကျေးရွာမှစစ်ကောင်စီစခန်းတွင် စစ် ကောင်စီတပ်သားနှင့် ပျုစောထီး အင်အား ၅၀ခန့် တပ်စွဲထားခြင်းဖြစ်သည်။ အဆိုပါကျေးရွာသည် ပျူစောထီးအားကောင်းသော ကျေးရွာဖြစ်ပြီး ယင်းစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း(၄)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

စစ်ကောင်စီ​၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် တိုင်းဝန်ကြီးချုပ်၏ကျေးရွာ တိုက်ခိုက်ခံရခြင်းအတွက် ဒေသမှတာဝန်ကျ စစ်ကောင်စီတပ်ဖွဲ့များကို အရေးယူရန် ရေးသားနေသည်။

ကန့်ဘလူမြို့နယ်တွင် မြို့ပေါ်နေရာမှအပ မြို့နယ်ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် စစ်တပ်ထောက်ခံသည့် သင်္ဃန်းဝတ်ဝါသဝ၏ ပျူစောထီးတပ်အကူအညီဖြင့် မြို့ကို ထိန်းချုပ်ထားသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ပြီးခဲ့သည့် ဩဂုတ်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။