Connect with us

Hi, what are you looking for?

သတင်း

ကယန်းလက်နက်ကိုင်တပ်များ ပြန်လည်ပေါင်းစုပြီး ကယန်းအမျိုးသားတပ်မတော်အဖြစ် ဖွဲ့စည်း

ကယန်းအမျိုးသားတပ်မတော်သည် အကြမ်းဖက်စစ်ကောင်စီကို တွန်လှန်နေသော မည်သည့်တော်လှန်ရေးအင်အားစုနှင့်မဆို အတူလက်တွဲတိုက်ပွဲဝင်မည်ဟုလည်း ဆိုသည်။

(ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - KNA)
(ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနားတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - KNA)

ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နှင့် ကယန်းဒေသများရှိ ပြန့်ကြဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့ကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစုပြီး ကယန်းအမျိုးသားတပ်မတော်(KNA)ကို ယနေ့ ဖွဲ့စည်းလိုက်သည်။

ကယန်းအမျိုးသားတပ်မတော်သည် ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင် ပါဝင်နေသောပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ကယန်းအမျိုးသားတပ်မတော်ကို ဦးဆောင်မည်ဟု အသိပေးသည်။

ကယန်းအမျိုးသားတပ်မတော်သည် အကြမ်းဖက်စစ်ကောင်စီကို တွန်လှန်နေသော မည်သည့်တော်လှန်ရေးအင်အားစုနှင့်မဆို အတူလက်တွဲတိုက်ပွဲဝင်မည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်များ စုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ ၉ချက်၊ အမျိုးသားရည်မှန်းချက် ၅ချက်ဖြင့် တပ်ရင်း ၈ရင်းစုစည်းကာ ဖွဲ့စည်းကြောင်း သိရသည်။

“စစ်ရေးအရ တပ်ပေါင်းစုအသွင်ဆောင်သွားတာပေါ့။ DMO Local PDFက ရဲဘော်တွေနဲ့ ကလလတ တပ်ရင်းတွေလည်းပါတယ်။စစ်ရေးပေါင်းစပ်မှု ပိုမြန်လာလိမ့်မယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ထို့အပြင် ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

KNA၏ အမျိုးသားရေးရည်ရွယ်ချက်တွင် ကယန်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ အမျိုးသားတန်းတူ ကိုယ်ပိုင်ဖန်တီးခွင့်ရရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တားဆီး တိုက်ဖျက်ရေး၊ ပါတီစုံ ဒီမိုကရေစီကျင့်သုံးရေးနှင့် ပြည်နယ်/လူမျိုး ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပါဝင်သည်။

ထို့အတူအခြေခံ မူ ၉ချက်တွင် ကယန်းအမျိုသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တစုတစည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူတွေကို ကာကွယ်ပေးရေး၊ စစ်အာဏာရှင် နှင့် အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး၊ စစ်ရေးမဟာမိတ်တည်ဆောက်ရေး၊ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ကျဥ်းမြောင်းသည့် အမျိုးသားရေးဝါဒ ဆန့်ကျင်ရေး၊ ဒီမိုကရေစီ စနစ်ထွန်းကားရေးနှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ပေါ်မှာတပ်စွဲထားတဲ့ ကရင်အမျိုးသားတပ်(KNA)တပ်ဖွဲ့ဝင်တွေကိုလာမယ့် တနင်္ဂနွေနေ့ ( ဇန်နဝါရီလ ၂၅ ရက်) နောက်ဆုံးထားပြီး မြို့ပေါ်ကနေ ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်က အမိန့်ပေးလိုက်ပြီး မြို့လုံခြုံရေးအတွက် အပစ်ရပ် ကရင်အဖွဲ့တွေဆီကနေ အင်အားရာချီတောင်းခံနေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အခြေစိုက် လုပ်ငန်းလည်ပတ်နေတဲ့ ဆိုက်ဘာ ရာဇဝတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမေရိကန်က ကြေညာခဲ့ပါတယ်။