Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲအတွင်းဖမ်းမိသည့် ကသည်းသူပုန်စစ်သုံ့ပန်းနှင့်ရုပ်‌အလောင်းများ အိန္ဒိယအစိုးရထံ NUG လွှဲပြောင်းပေးအပ်

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်သည့် ကသည်းလက်နက်ကိုင်အဖွဲ့မှ သုံးဦးသေဆုံးပြီးတစ်ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

(တိုက်ပွဲအတွင်းဖမ်းမိသည့် ကသည်းလူမျိုးကိုတွေ့ရစဉ်။ ဓါတ်ပုံ – Tamu Indepth News)
(တိုက်ပွဲအတွင်းဖမ်းမိသည့် ကသည်းလူမျိုးကိုတွေ့ရစဉ်။ ဓါတ်ပုံ – Tamu Indepth News)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ တမူးမြို့၊နမ့်မွန်းတားကျေးရွာအနီးတွင် အောက်တိုဘာ ၂၃ရက်နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် ကသည်းသူပုန်အဖွဲ့မှ သုံ့ပန်းတစ်ဦးနှင့်ရုပ်အလောင်းသုံးလောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အိန္ဒိယအစိုးရထံတရားဝင် ပြန်လည်လွှဲပြောင်းပေးအပ်လိုက်သည်။

အိန္ဒိယနိုင်ငံနယ်စပ်ဖြစ်သော နမ့်မွန်းတားရွာအနီးတွင် အောက်တိုဘာ၂၃ရက်နံနက် အစောပိုင်းက စစ်ကောင်စီတပ်၊ကသည်းသူပုန်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် တမူးခရိုင်တပ်ရင်း(၄)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်သည့် ကသည်းလက်နက်ကိုင်အဖွဲ့မှ သုံးဦးသေဆုံးပြီးတစ်ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” NUG စစ်ဒေသရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့အတူ အိန္ဒိယဘက်ကို နယ်စပ်မှာ တရားဝင်လွှဲလိုက်တာပါ။ အစိုးရချင်း ချိတ်ဆက်တာပါ”ဟု တမူးမြို့မှ ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့နောက် အောက်တိုဘာ၂၄ရက်တွင် လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ လက်ခံရယူခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာ-အိန္ဒိယနယ်စပ်နေရာများ၌ လှုပ်ရှားကာ အိန္ဒိယအစိုးရအား တော်လှန်နေသည့် ကသည်းသူပုန်အဖွဲ့များအနက် အချို့သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်နေသည်။

အောက်တိုဘာ ၂၃ရက်ကတိုက်ပွဲအတွင်း သေဆုံးသူနှင့်ဖမ်းမိသူ စုစုပေါင်းလေးဦးသည် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် People’s Liberation Army – PLAနှင့် People’s Revolutionary Party of Kangleipak – PREPAKမှဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးလည်း ကျဆုံးခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အိန္ဒိယနိုင်ငံအစိုးရနှင့် သံတမန်ရေးအရဆက်ဆံမှု တိုးမြှင့်ရေးကြိုးစားနေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအဖွဲ့များ ပူးပေါင်းထုတ်ပြန်သည့် ဦးတည်ချက် ၆ရပ်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလလုံးကို ဒီမိုကရေစီ နည်းကျ

သတင်း

မော်လူးမြို့သည် အင်းတော်မြို့နယ်၌ပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထိန်းချုပ်ထားသည်။

သတင်း

စစ်ကောင်စီတပ်ကလည်း စစ်ကူများအဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းပစ်ကူ ပေးတိုက်ခိုက်မှုများရှိသည်ဟုလည်း အသိပေးသည်။

သတင်း

တရုတ်၏ ဖိအားအပေါ် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် ပထဝီဝင် နိုင်ငံရေး စစ်ရေးအရသည်းခံ စိတ်ရှည်နေရသည့် အခြေအနေဖြစ်သည်ဟု ဆိုသည်။