လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဒုတိယရဲမှုးအဆင့်ရှိ ရဲအရာရှိတစ်ဦး ယနေ့နံနက်တွင်သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။
လွိင်ကော်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး မျိုးသိမ်းထွန်းကို အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဟု ဒေသခံများကပြောသည်။
“သေသွားတဲ့ရဲက သတင်းရဲတပ်ဖွဲ့ကတဲ့။ မုန့်ဟင်းခါးဆိုင်မှာ ဝင်ပစ်သွားတာ။ ဒေသခံတွေကတော့ ကြောက်ပေမယ့် အရမ်းကြီး ရုတ်ရုတ်သဲသဲ ဖြစ်မသွားဘူး။ ရဲခွေးကတော့ နေရာမှာတင်သေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
အထက်ပါဖြစ်စဉ်သည် လှိုင်ကော်မြို့ ဗဟိုစျေးတွင် ယနေ့( အောက်တိုဘာ ၂၄)နံနက် ၇နာရီခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။သေနတ်ဖြင့်ပစ်အသတ်ခံရသည့်ရဲအရာရှိ၏ အမျိုးသမီးက မုန့်ဟင်းခါးဆိုင်ဖွင့်ထားပြီး ယင်းဆိုင်တွင်ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီအား လူထု၏ ခုခံစစ်သည် တစ်ရက်ထက်တစ်ရက် အရှိန်မြှင့်လာနေသည်။ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးမြို့ကြီးများအပါအဝင်ဒေသအနှံအပြားတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် ဒလန်များ နေ့စဉ်လိုလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတ်ဖြတ်နေသည်။


















































