Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာလိုချင်သောစစ်ကောင်စီက တစ်နှစ်လျှင် ကန်ဒေါ်လာ ၅သောင်းအထက် ပြည်ပမှငွေပြန်လွှဲသူကို လျှပ်စစ်ကားတင်သွင်းခွင့်ပေးမည်ဟု မက်လုံးပေး

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

(ဆိပ်ကမ်းသို့ ရောက်လာသော လျှပ်စစ်ကားတစ်စီးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - MOI)
(ဆိပ်ကမ်းသို့ ရောက်လာသော လျှပ်စစ်ကားတစ်စီးအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - MOI)

ရဲခေါင်/People’s Spring

ဒေါ်လာလိုချင်သောစစ်ကောင်စီက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅သောင်းမှ ၂သိန်းအထက် ငွေပြန်လွှဲမည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား လျှပ်စစ်ကား EV တင်သွင်း ခွင့်ပေးမည်ဟု မက်လုံးပေး ထုတ်ပြန်သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသားများက ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်ဖြင့် ခွင့်ပြုခြင်းဟု လည်း ဆိုသည်။

ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက်လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ရမည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းနိုင်ကြောင်း အသိပေးသည်။

အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော် တော်ယာဉ်၊လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်း ခွင့်ပြုပေးမည် စစ်ကောင်စီက မက်လုံးပေးထားသည်။

“ဒေါ်လာအပြင်ပေါက်စျေးနဲ့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ပေါက်စျေးက အများကြီးကွာတယ်။တကယ်ဦးနှောက်ရှိတဲ့သူတွေက ဘယ်သူမှ အဲဒီလိုလွှဲမှာမဟုတ်ဘူး။နောက်ဆုံး စီးချင်တယ်ဆိုရင်တောင် အပြင်စျေးနဲ့လဲပြီး တင်သွင်းထားပြီးသားပဲ ဝယ်စီးမှာပေါ့”ဟု ပြည်ပရောက် မြန်မာတစ်ဦးက ပြောသည်။

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

အောက်တိုဘာ ၃၁ ရက်က ဗဟိုဘဏ်၏ တစ်ဒေါ်လာ ငွေလဲနှုန်းမှာ ၃,၅၇၅ ကျပ်ဖြစ်ပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ၄,၅၀၀ ကျပ် ဝန်းကျင်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။