Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်ရှိ ပျူစောထီးစခန်းအား အမှတ်(၈၁၅)တပ်ဖွဲ့တိုက်ခိုက်၊ ပျူစောထီးများ စခန်းစွန့်ထွက်ပြေးပြီး လက်နက်ခဲယမ်းအချို့ သိမ်းရ

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက် နံနက် ၄ နာရီခန့်တွင် ပျူစောထီးများက စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအား အလုံးစုံံ သိမ်းပိုက် နိုင်ခဲ့ကြောင်း အမှတ်(၈၁၅)တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-PLA)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-PLA)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ် တလိုင်းရွာသစ်ရှိ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခို​က်ရာ ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်းအမှတ်(၈၁၅)တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁ ရက်) နံနက် ၃ နာရီခွဲခန့်က မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊ တလိုင်းရွာသစ်ရှိ ပျူစောထီးအထိုင်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၈၁၅)တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က အသိပေးသည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက် နံနက် ၄ နာရီခန့်တွင် ပျူစောထီးများက စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအား အလုံးစုံံ သိမ်းပိုက် နိုင်ခဲ့ကြောင်း အမှတ်(၈၁၅)တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တလိုင်းရပ် ရွာသစ် ပျူခေါင်းဆောင်အိမ်ဝင်စီးတာပါ။”ဟု ၎င်းက ပြောသည်။

အဆိုပါ ပျူစောထီးစခန်းမှ ကာဘိုင်သေနတ် တစ်လက်၊ ရှော့ဂန်း တစ်လက်နှင့် ကျည်ခဲယမါးများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၈၁၅) တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တောင်သာမြို့နယ်တွင် စစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်နေပြီး အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းကလည်း ရုံးစည်ကြီးနယ်မြေရဲစခန်းအနီး စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲ နှစ်ဦး သေဆုံးခဲ့သေးသည်။ ထိုနေ့ ညနေပိုင်းတွင်လည်း အဆိုပါရဲစခန်းမှ နယ်ထိိန်းရဲတစ်ဦးထပ်မံပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

အောက်တိုဘာ ၂၇ရက်ကလည်း ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိသည့်အပြင် လက်နက်တိုက်နှင့် အချုပ်ခန်း ပျက်စီးခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ်အောက်တိုဘာ ၂၉ ရက်က ဆီမီးခုံမြို့ပေါ်ရှိ စစ်သားများအား မိုင်းဆွဲခြင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်းအား ဒရုန်းဖြင့်ဗုံးချခြင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။