Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ခြုံကြီးရွာတိုက်ပွဲ PDF ရဲဘော်လေးဦးကျဆုံး

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး

တောင်သာအခြေစိုက် PDF ရဲဘော်အချို့အား သြဂုတ်အတွင်းက တောင်သာမြို့ပေါ်တိုက်ပွဲ၌ တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ခြုံကြီးကျေးရွာတိုက်ပွဲအတွင်း PDF လေးဦးကျဆုံးကာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၁၆ရက်) နံနက် ၆နာရီခန့်က တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာကို တောင်သာမြို့နှင့် ဝဲလောင်ကျေးရွာဘက်မှ အင်အား ၁၅၀ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် စတင်စီးနင်းစဥ် ရဲဘော် လေးဦး၊ ပြည်သူတစ်ဦး စတင်ဖမ်းဆီးခံရပြီး ၎င်းတို့အား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဖမ်းမိတဲ့သူတွေကို သတ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့က ပြန်တိုက်တော့ လက်နက်ကြီးပစ်ကူတွေ၊ လေယာဥ်ပစ်ကူတွေတောင်းတယ်။ ဖိုက်တာတစ်စီးနဲ့ 35တစ်စီးလာပြီး ဗုံးကြဲတယ်။ 35 ကလည်း ရော့ကတ်တွေပစ်ပြီး စက်လက်တွေဆွဲတယ်။ အဲဒီအချိန်မှာ ကိုယ့်ပြည်သူတွေ ကိုယ်ဝန်ဆောင်တစ်ဦးလည်းသေတယ်။”ဟု တောင်သာအခြေစိုက် PDF ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိမြေပြင်အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်၍ ထိခိုက်သေဆုံးသည့်ပြည်သူအရေအတွက် တိုးလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ဗုံးက ၇လုံးလောက်ချတယ်။ 35 နဲ့လည်းထပ်လာချတော့ တချို့အိမ်တွေက နှလုံးရောဂါသည်အမျိုးသမီးတွေ သေတာတွေလည်းရှိတယ်။”ဟု တောင်သာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ခြုံကြီးကျေးရွာနေ ပြည်သူအချို့လည်း ဖမ်း​ဆီးခံထားရကြောင်းလည်း သတင်းရရှိသည်။

စစ်ကောင်စီကမူ ခြုံကြီးရွာဖြစ်စဥ်အတွင်း အလောင်း ၁၁ လောင်းနှင့် အရှင်ဖမ်းမိသူ လေးဦး ရှိပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိကြောင်း ဝါဒဖြန့်နေသည်။ ထို့အပြင် စစ်ဆင်ရေးအတွင်း မြင်းခြံမြို့မှ ပျူခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့လည်း ပါဝင်ကြောင်း သတင်းလွှင့်နေသည်။

တိုက်ပွဲမဖြစ်မီ စက်တင်ဘာ ၁၅ရက်ကလည်း တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ​ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က ဩဂုတ်နှင့် စက်တင်ဘာအတွင်း လေကြောင်းတိုက်ခိုက်မှု ကြိခုနစ်မ်ပြုလုပ်ခဲ့ရာ လေးကြိမ်မှာ ဘုန်းတော်ကြီးကျောင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို သတိပြုနေထိုင်ကြရန် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းအား တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့သည်။

သြဂုတ် ၁၂ ရက်ကလည်း တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူရွာ အစရှိသည့် နေရာလေးနေရာရှိ စစ်ကောင်စီတပ်အား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။