Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစိဖိတ် အနောက်ပိုင်းမှာ ရုရှားနဲ့ တရုတ် ရေတပ်တွေ ပထမဆုံးအကြိမ် ပူးပေါင်း ကင်းလှည့်

ရုရှားနဲ့ တရုတ် ရေတပ်ဖွဲ့တွေ ပူးပေါင်း ကင်းလှည့်ခဲ့တဲ့ နေရာနားက ဆူဂါရူ ရေလက်ကြားဟာ ဂျပန်မြောက်ပိုင်း၊ ဟွန်ရှူးနဲ့ ဟော့ကိုင်ဒို ကျွန်းတွေရဲ့ကြားမှာ တည်ရှိပြီး ဂျပန်ပင်လယ်နဲ့ ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ထားတဲ့ အချက်အခြာ ရေလမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။

ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း ရေပြင်မှာ ရုရှားနဲ့ တရုတ် ရေတပ်တွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကင်းလှည့် ခုတ်မောင်းခဲ့ပါတယ်။

အဲဒီ ကင်းလှည့် ရေတပ်ဖွဲ့မှာ တစ်နိုင်ငံက စစ်သင်္ဘော ၅ စီးစီနဲ့ စုစုပေါင်း ရေတပ်သင်္ဘော ၁၀ စီး ပါဝင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၇ ရက်မှာ စတင်ပြီး တစ်ပတ် ကြာမြင့်ခဲ့တဲ့ ကင်းလှည့် ခရီးစဉ်ဟာ ရေမိုင် ၁၇၀၀ လောက်ကို လွှမ်းခြုံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ တရားဝင် စစ်ရေး မဟာမိတ် နိုင်ငံတွေ မဟုတ်ပေမယ့် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နီးကပ်လာခဲ့ပါတယ်။ အခု ကင်းလှည့်မှုဟာ အာရှ-ပစိဖိတ် ရပ်ဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ရည်ရွယ်တယ်လို့ တရုတ် ရေတပ်ကလည်း ပြောပါတယ်။

ရုရှားနဲ့ တရုတ် ရေတပ်ဖွဲ့တွေ ပူးပေါင်း ကင်းလှည့်ခဲ့တဲ့ နေရာနားက ဆူဂါရူ ရေလက်ကြားဟာ ဂျပန်မြောက်ပိုင်း၊ ဟွန်ရှူးနဲ့ ဟော့ကိုင်ဒို ကျွန်းတွေရဲ့ကြားမှာ တည်ရှိပြီး ဂျပန်ပင်လယ်နဲ့ ပစိဖိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ထားတဲ့ အချက်အခြာ ရေလမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ ရုရှားတို့ဟာ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီး အထင်ရှားဆုံးကတော့ ၂၀၁၈ တုန်းက ပြုလုပ်ခဲ့တဲ့ Vostok စစ်ရေးလေ့ကျင့်မှုပါ။ အဲဒီတုန်းက နှစ်နိုင်ငံ ပူးပေါင်း တပ်ဖွဲ့တွေက စိတ်ကူးယဉ် ရန်သူနိုင်ငံ တစ်ခုကို အပြင်းအထန် ချေမှုန်း တိုက်ခိုက်ကြပုံ သရုပ်တူ လေ့ကျင့်ခဲ့ပါတယ်။

ဩဂုတ်လတုန်းကလည်း တရုတ်ရဲ့ စစ်ရေး အခင်းအကျင်းတွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဖြန့်ကျက်ပြီး ထိန်းချုပ် ကွပ်ကဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှားနဲ့ တရုတ်တို့ဟာ ဖြတ်တောက်ပစ်လို့ မဖြစ်နိုင်တဲ့ ရင်းနှီးကျွမ်းဝင်မှုမျိုး ရှိနေကြောင်း ပြောကြားခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။