Connect with us

Hi, what are you looking for?

သတင်း

အရာရှိသုံးဦးနှင့် ဆေးတပ်မှူးအပါအဝင် ခေါပုတ်စခန်းမှ ထွက်ပြေးစစ်ကောင်စီတပ်သား ၁၇ဦးဖမ်းမိဟု KNU တပ်မဟာ(၅) အသိပေး

တိုက်ပွဲအတွင်း မဟာမိတ်ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော်(BPLA)မှစစ်သည်တော်တစ်ဦး ကျဆုံးခဲ့ဟုလည်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU -Mutraw News)
(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU -Mutraw News)

▪️ဖာပွန်ခရိုင်၌ အောက်တိုဘာအတွင်း တိုက်ပွဲအကြိမ်ရေ ၁၃၀ကျော်ဖြစ်ဟုဆို

ဟန်နွေ/People’s Spring

စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခမရ(၃၄၀)၊ ခမရ(၃၄၁)နှင့် ခလရ(၁၉)တပ်များမှ တပ်ခွဲမှူးသုံးဦးနှင့် ခမရ(၃၄၀)မှ ဆေးတပ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၇ဦးကို အရှင်ဖမ်းမိထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် အောက်တိုဘာ ၂၈ရက်တွင် ဖာပွန်ခရိုင်အတွင်းရှိ ခေါပုတ်တပ်စခန်းကို သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအား လိုက်လံ ရှင်းလင်းဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ လိုက်လံရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ ဖမ်းမိသူများထဲတွင် ခမရ(၃၄၀)မှ တပ်ခွဲမှူးတစ်ဦး၊ ခမရ(၃၄၁)မှ တပ်ခွဲမှူးတစ်ဦး၊ ခလရ(၁၉)မှတပ်ခွဲမှူးတစ်ဦးနှင့် ခမရ(၃၄၀)မှဆေးတပ်မှူးတစ်ဦးပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU -Mutraw News)
(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNU -Mutraw News)

စစ်ကောင်စီတပ်ရင်းများ၌ တပ်ခွဲမှူးတာဝန်ကို ဗိုလ်ကြီးအဆင့် အရာရှိများ တာဝန်ယူထားခြင်းဖြစ်သည်။

ဖမ်းဆီးစဉ် ဒဏ်ရာရရှိသူများအား စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်းမွန်စွာဆေးကုသမှုများပေးထားသည်ဟုလည်း အသိပေးထားသည်။

တိုက်ပွဲအတွင်း မဟာမိတ်ဗမာအမျိုးသားလွတ်မြောက်ရေးတပ်တော်(BPLA)မှစစ်သည်တော်တစ်ဦး ကျဆုံးခဲ့ဟုလည်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

အဆိုပါ ခေါပုတ်တပ်စခန်းသည် လွန်ခဲ့သည့် နှစ် ၃၀ ကျော် ၁၉၉၂ကတည်းက တပ်စွဲထားသည့် တပ်စခန်းဖြစ်ပြီး ယင်းတပ်စခန်းတွင် ဖာပွန်ခရိုင်အတွင်းရှိ အခြားသော တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ပြီး လာရောက်စုစည်းနေထိုင်သည့် တပ်စခန်းဖြစ်သည်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး မျိုးစုံ ၁၅လက်အပါအဝင် လက်နက် ၂၄ လက်ရရှိထားသည်။

(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU -Mutraw News)
(ခေါပုတ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများအား ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNU -Mutraw News)

ခေါပုတ်စခန်းသိမ်းတိုက်ပွဲအပါအဝင် အောက်တိုဘာအတွင်းက KNU/KNLA တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ တိုက်ပွဲပေါင်း ၁၃၆ ကြိမ်ရှိခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထုတ်ပြန်သည်။

တစ်လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၂၈ဦးသေဆုံးကာ ၃၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရသူများထဲတွင် တပ်ရင်းမှူးနှင့်တ ပ်ခွဲမှူး အဆင့်ရှိ အရာရှိများလည်း ပါဝင်ကြောင်း အသိပေးထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့်ပစ်ခတ်ခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ အရပ်သား၃ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အဦးနှင့် စာသင်ကျောင်းများအပါအဝင် အဆောက်အဦး ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။