Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်စခန်းမှထွက်ပြေး စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များ လိုက်လံရှင်းလင်း

ခေါပုတ်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင် ရှိပြီး ပူးပေါင်းတပ်များက အောက်တိုဘာ ၃၀ရက်ကသိမ်းယူစဉ် စစ် ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်။

(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ - BPLA)
(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ - BPLA)

▪️စစ်ကောင်စီတပ်သား ၁၄ဦးသေဆုံးပြီး ဗိုလ်ကြီးသုံးဦး အပါအဝင်၁၇ဦး ဖမ်းမိ

▪️BPLA ရဲ​ဘော် တဦးကျဆုံး ပြီးဒဏ်ရာရသူအချို့ရှိ

အိမ်သွင်/People’s Spring

KNUတပ်မဟာ(၅)နယ်မြေရှိ ခေါပုတ်စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား မဟာမိတ်များနှင့်အတူ လိုက်လံရှင်းလင်းသည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၄ဦး သေဆုံးပြီး ဗိုလ်ကြီးသုံးဦးအပါအဝင် စစ်သုံ့ပန်း၁၇ဦးမှာ လက်နက်များနှင့်ဖမ်းမိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ထုတ်ပြန်သည်။

ခေါပုတ်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်တွင် ရှိပြီး ပူးပေါင်းတပ်များက အောက်တိုဘာ ၃၀ရက်ကသိမ်းယူစဉ် စစ် ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်။

(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ - BPLA)
(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ – BPLA)

ထွက်ပြေးသူများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့်အတူ လိုက်လံရှင်းလင်းစဉ် နိုဝင်ဘာ ၃ ရက်တွင်တိုက်ပွဲဖြစ်ခဲ့ခြင်းဟု BPLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ - BPLA)
(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ – BPLA)

” ရန်သူ့အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး သုံးဦးအပါအဝင် စစ်သုံ့ပန်း ၁၇ဦးတို့ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ပါသည်”ဟု BPLA က အသိ​ပေးထားသည်။

အဆိုပါတိုက်ပွဲတွင် BPLA ရဲဘော်(၁)ဦးကျဆုံးခဲပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ကြောင်းလည်း ​ဖော်ပြထားသည်။

(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားအချို့အား ဖမ်းမိစဉ်။ ဓာတ်ပုံ - BPLA)

အောက်တိုဘာ ၃၀ရက်က စခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်းသေဆုံးကာ ၆ဦး အရှင်ဖမ်းမိထားခဲ့သည်။ ခေါပုတ်စခန်းသည် ဖာပွန်ခရိုင်အတွင်း ၁၉၉၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် စစ်ကောင်စီ၏ အမာခံစခန်းဖြစ်ပြီး နှစ် ၃၀ကျော်အကြာတွင် စစ်ကောင်စီက လက်လွတ်ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။