Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ဇီးပေါက်ကျေးရွာကို စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၄ရက် ည ၉နာရီခန့်က ဇီးပေါက် ကျေးရွာကို စစ်ကောင်စီ၏ မိတ္ထီလာမြို့ ရှမ်းတဲလေတပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းဆောင် တစ်ဆောင်၊ သာသာနိက အဆောက်အအုံတစ်လုံးနှင့် လူနေအိမ် လေးလုံး ပျက်စီးပြီး နွား ၄ကောင်လည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)

“ပြည်သူတွေတော့ မထိဘူး။ စာသင်ကျောင်းက နှစ်ထပ်ဆောင်အာစီကိုမှ တော်တော်ပျက်စီးသွားတယ်။ ဘေးတစ်လုံး၊ အပေါ်တည့်တည့်တစ်လုံး။ စာသင်ကျောင်းကိုမှ နှစ်လုံးချတာ။ တိုက်ပွဲလည်းမရှိဘူး။ ဒီတိုင်းလာပစ်တာ။ Y12က ကင်းထောက် ပြီး ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ တစ်စီးက ပြန်သွားပြီး နောက်တစ်စီးကလာကြဲတာ။”ဟု တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)

ပထမတစ်ကြိမ် လေကြောင်းပစ်ခတ်ခံရပြီးနောက် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့၍ လူထိခိုက်မှုမရှိခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

အဆိုပါစာသင်ကျောင်းသည် နေ့ဘက်တွင် ကလေးငယ်များအား စာသင်ကြားပေးနေသောကျောင်းဖြစ်ပြီး ညအချိန်ဖြစ်၍ ကလေးငယ်များ ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးသွားသော စာသင်ကျောင်းနှင့်လူနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Taze News)

စစ်တပ်က ယနေ့(နိုဝင်ဘာ ၅ရက်)နံနက်အစောပိုင်းကပင် လားရှိုးနှင့် မင်းတပ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ နိုဝင်ဘာ ၄ရက်က စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။