Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊ နောင်ချိုနှင့် မိုးမောက် – ဗန်းမော်ကြားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြန်

စစ်ကောင်စီအနေဖြင့်လည်း အရပ်သားများနေထိုင်ရာကို သိလျက် ဗုံးကြဲနေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ဆက်တိုက် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။

(နိုဝင်ဘာ ၄ရက်က နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(နိုဝင်ဘာ ၄ရက်က နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

စစ်ကောင်စီက ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မိုးမောက်-ဗန်းမော်ကြားကို လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့ (နိုဝင်ဘာ ၅ရက်) နံနက်အစောတွင် လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

လားရှိုးမြို့ဒေသခံ မနော်ဖောကလည်း စစ်ကောင်စီတပ်သည် ယမန်နေ့ နိုဝင်ဘာ ၄ရက် ည သန်းခေါင်ကျော် ၁၂နာရီ ၄၄မိနစ်နှင့် ၁၂နာရီ ၄၉ မိနစ်တွင် လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်ခံခဲ့ရသည်ဟု အသိပေးထားသည်။ တည်နေရာ ကို စုံစမ်းဆဲဖြစ်ပြီး ဒေသသတင်းရင်းမြစ်အချို့က လားရှိုးမြို့ မယ်ဟန်ဘက်၌ တိုက်ခိုက်ခံရသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် လားရှိုးမြို့ကို ဩဂုတ် ၃၀ရက်မှစ၍ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၇ဦးထက်မနည်းသေဆုံးကာ ၅၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း MNDAA၏ ယခင် ထုတ်ပြန်ချက်အရသိရသည်။

“မနေ့က ညနေပိုင်း ၂နာရီ ၄၀ ဝန်းကျင်မှာလည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦး ပြောကြားထားတာရှိပါတယ်။ လောလောဆယ်ရှမ်းမြောက်မှာ စစ်ကောင်စီက TNLA နဲ့ MNDAA ထိန်းချုပ်ထားတဲ့နေရာတွေ အဓိက လေကြောင်း တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာနေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းမြောက် အထူးသဖြင့် နောင်ချို၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင် ၊နမ့်ခမ်း ဒေသတွေမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ ထိခိုက်နစ်နာသေဆုံးမှု တော်တော်များသွားပါပြီ”ဟု ဦးဇော်ဆန်က ပြောသည်။

ထို့အပြင် ကချင်ပြည်နယ် မိုးမောက် – ဗန်းမော်ကြား ၇မိုင် အောင်မြေရွာအနီးဝန်းကျင်ကိုလည်း စစ်ကောင်စီက ယမန်နေ့ နိုဝင်ဘာ ၄ရက်ည ၉နာရီခွဲတွင် လေကြောင်းတိုက်ခိုက်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါနေရာတွင် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက် ခမရ(၄၃၇) ပြန်သိမ်းပိုက်နိုင်ရေး လေကြောင်း ပစ်ကူရယူပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“ထိခိုက်သေဆုံးမှုရှိမရှိတော့ အခုအချိန်ထိ ဘာမှ သတင်းမရသေးပါဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ရာ နေရာအများစုသည် အရပ်သား ပြည်သူများ နေထိုင်ရာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း အရပ်သားများနေထိုင်ရာကို သိလျက် ဗုံးကြဲနေခြင်းဖြစ်ပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ဆက်တိုက် ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း ဦးဇော်ဆန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။