Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်တရုတ်ရောက်နေချိန် စစ်တပ်က ပုလဲမြို့နယ်၌ ကထိန်ခင်းနေသောကျေးရွာအား လေကြောင်းတိုက်ခို​က်ရာ ဒေသခံသုံးဦးသေ၊ ငါးဦးဒဏ်ရာရ

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာရှိ နေအိမ် ၆ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)
(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)

ဇေအောင်၊အိမ်သွင်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ရောက်နေချိန်တွင် စစ်တပ်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ ကထိန်ခင်းနေသော အိုင်းမကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ သုံးဦးသေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၅ ရက်) ညနေ ၃ နာရီ ၁၅မိနစ်ခန့်က ပုလဲမြို့နယ်၊ အိုင်းမကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၇၀)နှစ်နှင့် (၂၅)နှစ်အရွယ် အမျိုးသမီး နှစ်ဦး၊ (၄၀)ခန့်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး အခြားပြည်သူ ငါးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ပြောသည်။

(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)
(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)

“ကထိန်ခင်းတာ။ အဲဒါကို လေကြောင်းပစ်သွားတာ။ ကထိန်ခင်းတဲ့ရာသီဆိုတော့ ကိုယ့်ကျေးရွာသူရွာသားတွေ ကထိန်ခင်းကြတာပေါ့။ အဲဒါကိုလေကြောင်းတိုက်ခိုက်သွားတာ။ သုံးဦးသေတယ်။ ငါးဦး ဒဏ်ရာရတယ်။”ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာရှိ နေအိမ် ၆ လုံးခန့်လည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

” အိုင်းမရွာဘုန်းကြီးကျောင်းကထိန်ကို ပစ်တာဗျ။ ဘာသတင်းကြားလို့ ပစ်တယ်မသိပါဘူး။သုံးလုံးပစ်တာ နှစ်လုံးကွဲတယ်။ ကျောင်းနဲ့ကပ်လျက် အိမ်ကို ထိပြီး ဒေသခံတွေ သေဆုံးကုန်တာပါ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပုလဲမြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်များ ဦးတည်၍ စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်ခြင်းဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ - စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)
(လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးသွားသောနေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)

အလားတူ အောက်တိုဘာ ၄ ရက် ည ၇ နာရီခန့်ကလည်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အလယ်ဘုံကျေးရွာ၊ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ကျရောက်ပေါက်ကွဲပြီး (၄၀)ခန့်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်းလည်း အများအပြားပျက်စီးခဲ့ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ပြောသည်။

စစ်တပ်သည် ယမန်နေ့ညကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

ယနေ့(နိုဝင်ဘာ ၅ရက်)နံနက်အစောပိုင်းကလည်း လားရှိုး၊ နောင်ချိုနှင့် မင်းတပ်မြို့ကိုလည်း စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ယမန်နေ့က စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီအား လေယာဥ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။